DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းမြို့ကြီး ၂ မြို့ကို ရုရှား ဒုံးကျည်ပစ်ခတ်၊ လူ ၁၈ ဦးသေပြီး ၁၃၀ ကျော်ဒဏ်ရာရ
DVB
·
January 24, 2024
ယူကရိန်းမြို့ကြီး ၂ မြို့ကို ရုရှား ဒုံးကျည်ပစ်ခတ်၊ လူ ၁၈ ဦးသေပြီး ၁၃၀ ကျော်ဒဏ်ရာရ
Donate to DVB

ယူကရိန်းနိုင်ငံရဲ့ အကြီးဆုံးမြို့ကြီး ၂ မြို့ကို ရုရှားဒုံးကျည်တွေ ပစ်ခတ်မှုကြောင့် လူ ၁၈ ဦး သေဆုံးပြီး ၁၃၀ ကျော် ဒဏ်ရာရရှိကာ နေအိမ်တွေနဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့ကြောင်း သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဇန်နဝါရီ ၂၃ ရက်မှာ ပြောပါတယ်။

အရှေ့ပိုင်းမြို့တော် ခါကိဗ်မှာ တိုက်ခိုက်မှု ၃ ခု ဖြစ်ပွားခဲ့ပြီးတော့ ကိယက်ဗ်၊ ယူကရိန်း အလယ်ပိုင်းနဲ့ ခါဆွန် တောင်ပိုင်းဒေသတို့မှာလည်း အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။

ရုရှားဟာ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ရှောင်တိမ်းဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဒုံးကျည် အမျိုးအစားစုံ အစင်း ၄၀ လောက်ကို ပစ်လွှတ်ခဲ့တာဖြစ်ကြောင်း ဇလန်းစကီးက သူ့ရဲ့ ညစဉ် ဗီဒီယိုမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

လူနေအိမ် ၁၃၉ လုံး အပါအဝင် နေရာပေါင်း ၂၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ရပြီး ရိုးရိုးပြည်သူတွေ နေထိုင်ကြတဲ့ သာမန် အထပ်မြင့် တိုက်ခန်းအဆောက်အအုံတလုံးက လူအများအပြား သေဆုံးခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။

ခါကိဗ်ဒေသ အုပ်ချုပ်ရေးမှူး အိုလေး ဆိုင်နေဟူဘော့ဗ် ကတော့ ရုရှားဒုံးကျည် ပစ်ခတ်မှုကြောင့် လူ ၈ ဦး သေဆုံးပြီး ၅၁ ဦး ဒဏ်ရာရခဲ့ကြောင်း ပြောပါတယ်။

ပထမအကြိမ် တိုက်ခိုက်မှု ၂ ခုမှာ အထပ်မြင့်တိုက်တွေ ၁၀၀ ကျော် ပျက်စီးသွားခဲ့ပြီးတော့ ညနေပိုင်း တိုက်ခိုက်မှု ၃ ကြိမ်ကြောင့် တိုက်တလုံးနဲ့ တခြား အခြေခံအဆောက်အအုံတွေ ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

ခါကိဗ်ရှိ ဓာတ်ငွေ့ပိုက်လိုင်းလည်း ပျက်စီးသွားခဲ့ကြောင်း နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ နက်ဖ်တိုဂက်ဇ်က ပြောကြားခဲ့ပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ လျှပ်စစ်မီး ပြတ်တောက်သွားခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ယူကရိန်းစစ်တပ်ဟာ အမျိုးအစားစုံ ဒုံးကျည် ၄၄ စင်းထဲက ၂၂ စင်းကို ဖျက်ဆီးပစ်ခဲ့ကြောင်း ယူကရိန်း စစ်ဦးစီးချုပ်က ပြောကြားခဲ့ပါတယ်။

ကိယက်ဗ်မြို့ပေါ်မှာပဲ အစီး ၂၀ နီးပါး ပစ်ချခံခဲ့ရကြောင်း မြို့တော်ရဲ့ စစ်အုပ်ချုပ်ရေးဌာနက ပြောကြားခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013