DVB Logo
Home
မြန်မာသတင်း
တံတားဦးလေတပ်စခန်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များစီးလာသည့်ကား တိုက်ခိုက်ခံရ
DVB
·
January 24, 2024
တံတားဦးလေတပ်စခန်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များစီးလာသည့်ကား တိုက်ခိုက်ခံရ
Donate to DVB

မြန်မာနိုင်ငံမှာ လေကြောင်းတိုက်ခိုက်မှု အများဆုံးလုပ်နေတဲ့ မန္တလေးတိုင်း၊ တံတားဦးလေတပ်စခန်းကို ဇန်နဝါရီ ၂၃ ရက် ညနေ ၅ နာရီလောာက်မှာ  ရှော့တိုက်ဒုံး ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှော့တိုက်ဒုံး ၅ လုံး အောင်မြင်စွာ ထိမှန်သွားခဲ့တယ်လို့ Brave Warriors For Myanmar အဖွဲ့ကနေ သိရပါတယ်။

စစ်ကောင်စီတပ်တွေက တံတားဦးလေတပ်စခန်း လုံခြုံရေးကို ၃ မိုင်ပတ်ချာလည် စည်းရယ်၊ ၅ မိုင်ပတ်ချာလည် စည်းရယ် ချထားပြီး ၅ မိုင်စည်းအထိ ရှော့တိုက်ဒုံး ပစ္စည်းနဲ့အတူ ရအောင်ကျော်သွင်းပြီး ၄ မိုင်နဲ့ ၅ မိုင်ကြား အကွာကနေ ပစ်ခတ်ခဲ့တာလို့ BWM အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

“စစ်ကောင်စီတပ်ဖွဲ့ ကင်းပုန်းနေရာနဲ့ဆို ပေ ၃၀၀ လောက်ကနေ ကျနော်တို့က ပစ်ရတာဆိုတော့ ရှော့ဒုံး ၁၂ လုံးထဲမှာ ထွက်တဲ့အလုံးတွေ ထွက်သွားပြီး ကျန်နဲ့ ၇ လုံးကို ဘယ်လိုရှော့တိုက်တိုက် ပစ္စည်းက error တက်ပြီး ဘယ်လိုမှပစ်မရလို့၊ ပြန်သယ်ဖို့ကလည်း သူတို့တပ်ဖွဲ့တွေရဲ့ အတွင်းဘက်ထဲ ရောက်နေတော့ သယ်ဖို့မလွယ်တာနဲ့ နောက်ဆုံး အဲဒီ ၇ လုံးကို ထားခဲ့ရပါတယ်။”

မန္တလေးတိုင်း၊ တံတားဦးလေတပ်စခန်းဟာ တနိုင်ငံလုံးက လေတပ်စခန်းတွေ အားလုံးထဲမှာ ဒုတိယမြောက် လေယာဥ်ဆီသိုလှောင်မှု အများဆုံးနဲ့ A5 တအုပ်၊ Yak-130 တအုပ် လက်ရှိ ရှိထားတယ်လို့ သိရပြီး လေကြောင်းတိုက်ခိုက်မှု အများဆုံးပြုလုပ်နေတဲ့ လေတပ်စခန်း ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

“ထိတွေ့မှုမရှိအောင် မနည်းရှောင်ပြီး လုပ်ခဲ့ရပါတယ်။ အတော့်ကို ခက်ခဲတဲ့မစ်ရှင် ဖြစ်ပါတယ်။ ရှေ့ရော နောက်ရော စစ်ကောင်စီတပ်ဖွဲ့တွေ ပတ်လည်ဝိုင်းနေတဲ့ အတွင်းစည်းထဲကနေ ခက်ခက်ခဲခဲ ဝင်ပစ်ခဲ့ရတဲ့မစ်ရှင် ဖြစ်ပါတယ်။ ဒီမစ်ရှင်မှာ ပူးပေါင်းပါဝင် ကူညီပေးခဲ့တဲ့ သက်ဆိုင်ရာ နယ်မြေခံ တော်လှန်ရေးအင်အားစု အားလုံးကိုလည်း ကျေးဇူးအထူးတင်ကြောင်း ပြောချင်ပါတယ်” လို့ BWM အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

တံတားဦးလေတပ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အသေးစိတ် မသိရသေးသလို ပစ်ခတ်မှုဖြစ်ပြီး မကြာခင်မှာ ကျန်ခဲ့တဲ့ ရှော့တိုက်ဒုံး ၇ လုံးကို စစ်တပ်က လာရောက်သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၂ ရက် မနက် ၁၁ နာရီ ၄၅ မိနစ်ကလည်း မန္တလေးတိုင်း မြင်းခြံမြို့နယ်၊ တောပုရွာကနေ ကားတစီးနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က တောပုရွာနဲ့ ဟင်းဂွတ်ရွာကြား ရေအိုးစင်ဇရပ်ကနေ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တွေဆီ သိရပါတယ်။

မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ထက်လင်းက “သူတို့က တောပုရွာကနေ ကျားဒိုင်းရွာဘက်ကို သွားတာဖြစ်မယ်။ ကျားဒိုင်းရွာဘက်က သူတို့ အထိုင်စခန်း တခု ရှိတယ်။ ကျနော်တို့ အဖွဲ့တွေနဲ့ တွေ့ပြီး တိုက်ပွဲဖြစ်တာ။ သူတို့ဘက်က ၅ ဦး သေဆုံးတယ်။ လက်နက် ၃ လက်နဲ့ G-3 ကျည် ၂၀၀ ရခဲ့တယ်”လို့ ပြောပါတယ်။

အဆိုပါကားကို တလုပ်အဖွဲ့၊ MP9 အဖွဲ့အပါဝင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ထိခိုက်ကျဆုံး မရှိခဲ့ဘဲ G3 ၂လက်နဲ့ အူစီ ၁ လက်အပါဝင် ကျည်ဆန်အချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က တလုပ်မြို့ရွာကနေ အင်အားအလုံးအရင်းနဲ့ အခင်းဖြစ်ပွားရာဘက်ကို စစ်ကြောင်းထိုးလာပြီဆိုတဲ့ သတင်းကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013