DVB Logo
Home
မြန်မာသတင်း
တောင်ကုတ်လူသတ်မှု ပြည်နယ်တရားလွှတ်တော် မဆုံးဖြတ်သေး
DVB
·
August 28, 2014
တောင်ကုတ်လူသတ်မှု ပြည်နယ်တရားလွှတ်တော် မဆုံးဖြတ်သေး
Donate to DVB

တောင်ကုတ်လူသတ်မှုနဲ့ ပတ်သက်လို့ သံတွဲခရိုင်တရားရုံးက စွဲချက်တင်တဲ့အပေါ် ပြည်နယ်တရားရုံးမှာ ပြင်ဆင်မှု လျှောက်လဲချက်ပေးထားပေမယ့် ပြည်နယ်တရားလွှတ်တော်ရဲ့ အဆုံးအဖြတ် မထုတ်ပြန်သေးဘူးလို့ တရားခံရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

[caption id="attachment_62505" align="alignright" width="300"]ပဋိပက္ခဖြစ်ပွားစဉ်က (ဓာတ်ပုံ - ရိုက်တာ) ပဋိပက္ခဖြစ်ပွားစဉ်က (ဓာတ်ပုံ - ရိုက်တာ)[/caption]၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် တောင်ကုတ်မြို့ လူ ၁၀ ဦး သတ်ဖြတ်ခံရမှုကို သံတွဲခရိုင်တရားရုံးမှာ စစ်ဆေးပြီး ပြီးခဲ့တဲ့ မေလကုန်မှာ တရားသူကြီးက တရားခံတွေကို လူသတ်မှု၊ ကြံစည်မှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။

ဒီစွဲချက်ကို မကျေနပ်လို့ တရားခံ ၇ ဦးအနက် ၆ ဦးအတွက် ရှေ့နေ ဒေါ်အေးနုစိန်၊ ကျန်တဦးအတွက် ရှေ့နေ ဦးကျော်ညွန့်မောင်တို့က ပြည်နယ်တရားလွှတ်တော်မှာ ပြင်ဆင်မှု တင်သွင်းခဲ့တာဖြစ်ပြီး ဇူလိုင် ၁၀ ရက်နေ့က လျှောက်လဲချက်ပေးခဲ့ကြတာ ဖြစ်ပါတယ်။

လျှောက်လဲချက်ပေးပြီး တပတ် ဆယ်ရက်လောက်အတွင်း အမိန့်ချလေ့ချထရှိတာ ကြောင့် မနေ့က တရားလွှတ်တော်ကို သွားကြည့်ရာမှာ အမိန့်ချမယ့်ရက် မကြေညာသေးဘူးလို့ ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

တရားရုံးတွေရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ပတ်သက်လို့ တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီကို မေးမြန်းတဲ့အခါ ပြည်နယ်တရားလွှတ်တော်က လုပ်ငန်း မပြီးပြတ်သေးလို့ အမိန့်မချသေးတာ ဖြစ်နိုင်တဲ့အကြောင်းနဲ့ တချို့အမှုတွေမှာ ၂ လလောက်ထိ ကြာမြင့်တတ်ကြောင်း ရှင်းပြပါတယ်။

“လောလောဆယ် မချသေးဘူးဆိုတာ တရားသူကြီးက အမှုတွဲကို သေချာ လေ့လာနေလို့၊ စဉ်းစားနေလို့၊ သို့မဟုတ် သူဆုံးဖြတ်ချက် မပြီးသေးလို့ မချတာလို့ပဲ ပြောလို့ရပါတယ်။”

ပြည်နယ်တရားလွှတ်တော်က စွဲချက်ကို အတည်ပြုရင် အောက်ရုံးမှာ ဆက်စစ်ရမယ်၊ စွဲချက်ကို အတည်မပြုရင်တော့ တရားရှင်လွှတ်မယ်လို့ ဦးကိုနီက ရှင်းပြပါတယ်။

၂၀၁၂ ခုနှစ် တောင်ကုတ်မြို့ လူသတ်မှုအပြီး ၁ နှစ်ကျော်အကြာမှာ နေပြည်တော်ရဲက တိုက်ရိုက် ဖမ်းဆီးရုံးတင်ခဲ့တာဖြစ်သလို ၁ နှစ်နီးပါး စစ်ဆေးအပြီး ခရိုင်တရားရုံးက စွဲချက်တင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဒီလူသတ်မြှုဖစ်အပြီး ရခိုင်ပြည်နယ်အတွင်း မီးရှို့သတ်ဖြတ်မှုတွေ ဖြစ်ခဲ့ပြီး လူပေါင်း ၁ သိန်းခွဲလောက် ဒုက္ခသည် ဖြစ်ခဲ့ကြရပါတယ်။ ကျန်တိုင်းနဲ့ ပြည်နယ်တချို့ကိုပါ ပုံစံတူ အကြမ်းဖက်မှုတွေ ကူးစက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013