DVB Logo
Home
နိုင်ငံတကာ
ကနေဒါက နိုင်ငံတကာကျောင်းသားဝင်ခွင့် လျှော့ချပြီး အလုပ်လုပ်ခွင့် ကန့်သတ်
DVB
·
January 23, 2024
ကနေဒါက နိုင်ငံတကာကျောင်းသားဝင်ခွင့် လျှော့ချပြီး အလုပ်လုပ်ခွင့် ကန့်သတ်
Donate to DVB

ကနေဒါနိုင်ငံမှာ အိမ်ရာအကျပ်အတည်း ဖြစ်နေတဲ့အတွက် ပြည်ပက ဝင်ရောက်လာတဲ့သူ အရေအတွက် လျှော့ချဖို့ ရည်ရွယ်ပြီး နိုင်ငံတကာကျောင်းသားဝင်ခွင့်ကို နှစ်နှစ် လျှော့ချမှာဖြစ်သလို ဘွဲ့လွန်ကျောင်းသားတွေကို အလုပ်ပါမစ် ပေးတာကိုလည်း ကန့်သတ်သွားမယ်လို့ ဇန်နဝါရီ ၂၂ ရက်မှာ ကြေညာပါတယ်။

၂၀၂၃ ခုနှစ်ကထက် ၃၅ ရာခိုင်နှုန်း လျှော့ချပြီး ၂၀၂၄ မှာ ခန့်မှန်းခြေ ကျောင်းသား ၃၆၀,၀၀၀ သာ ကျောင်းတက်ခွင့်ပေးမယ်လို့ ကနေဒါ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီလိုကန့်သတ်ရတာဟာ ကျောင်းသားတွေ နေထိုင်ဖို့ မတန်တဆ စျေးကြီးပေးရတာမျိုး မဖြစ်စေဖို့ရယ်၊ အိမ်ရာနဲ့ ဝန်ဆောင်မှုပိုင်းမှာ မနိုင်မနင်းဖြစ်လာတာကို လျှော့ချနိုင်ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ ဝန်ကြီးက ဆိုပါတယ်။

“တချို့ ပုဂ္ဂလိကကျောင်းတွေက ရင်းမြစ်မပြည့်စုံ၊ ပံ့ပိုးမှုမလုံလောက်တဲ့ တက္ကသိုလ်နယ် မြေမျိုးတွေနဲ့ ကျောင်းလခကျတော့ အများကြီးယူပြီး နိုင်ငံတကာကျောင်းသားတွေ အများကြီး တိုးလက်ခံတာမျိုးနဲ့  အခွင့်ကောင်းယူနေကြတာ ရှိပါတယ်။ ဒီလိုတိုးလာတော့ နေဖို့အိမ်ရာ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ တခြားဝန်ဆောင်မှုတွေအတွက်ပါ ဖိအားများလာပါတယ်” လို့ ဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရွှေ့ပြောင်းအခြေချသူ များတာကြောင့် လူဦးရေတိုးလာပြီး ကျန်းမာရေး ပညာရေးလို ပြည်သူ့ဝန်ဆောင်မှုတွေမှာ ဖိအားတိုးလာတဲ့ကိစ္စဟာ ဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုးအပေါ် ထောက်ခံမှုကျဆင်းစေတဲ့ အဓိကအချက်တခု ဖြစ်လာပါတယ်။

အခုနေသာ ရွေးကောက်ပွဲလုပ်ရင် ထရူးဒိုး ကျိန်းသေပေါက်ရှုံးမယ်လို့ စစ်တမ်းတွေက ဖော်ပြပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013