DVB Logo
Home
နိုင်ငံတကာ
တတိယကမ္ဘာစစ် အရှေ့အလယ်ပိုင်းကစဖြစ်မည်ဟု ရုရှားနိုင်ငံပိုင်ရုပ်သံ ခန့်မှန်းထုတ်လွှင့်
DVB
·
January 23, 2024
တတိယကမ္ဘာစစ် အရှေ့အလယ်ပိုင်းကစဖြစ်မည်ဟု ရုရှားနိုင်ငံပိုင်ရုပ်သံ ခန့်မှန်းထုတ်လွှင့်
Donate to DVB

တတိယကမ္ဘာစစ်ဟာ အစ္စရေး-ဟားမတ်စ် စစ်ပွဲက အရင်းခံပြီး အရှေ့အလယ်ပိုင်းမှာ စတင်ဖြစ်ပွားမှာဖြစ်တယ်လို့ ရုရှားနိုင်ငံပိုင် Russia Today (RT) သတင်းဌာနက ခန့်မှန်းလိုက်ပါတယ်။

နိုင်ငံပိုင်ရုပ်သံလိုင်းမှာ ဒီစကားကို တရားဝင်ပြောသွားတာဖြစ်ပြီး စစ်ကြီးကြောင့် ယူကရိန်း-ရုရှား ပဋိပက္ခကို ကမ္ဘာကြီးက အာရုံစိုက်တာ နည်းလာလိမ့်မယ်လို့လည်း RT ရဲ့ အယ်ဒီတာချုပ် မာဂရီတာ ဆီမိုညံက သုံးသပ်ပါတယ်။

ရုရှားက ဝါဒဖြန့်ချိရေးသမားတွေဟာ ကမ္ဘာစစ်ဆိုတဲ့ အသုံးအနှုန်းကို မကြာခဏ သုံးစွဲကြပြီး ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ဟာ မလွှဲမရှောင်သာ ဆင်နွှဲရတယ်ဆိုတဲ့ အချက်ကို သရုပ်ဖော်လေ့ ရှိပါတယ်။

၂၀၂၂ ဖေဖော်ဝါရီမှာ ယူကရိန်းကို ရုရှားက စတင်ကျူးကျော်ကတည်းက ရုရှားနဲ့ အနောက်ကမ္ဘာနဲ့ ဆက်ဆံရေးဟာ အဆိုးရွားဆုံး အခြေအနေမှာ ရှိနေတာပါ။

ရုရှားအစိုးရရဲ့ နာမည်ကြီး ဝါဒဖြန့်ချိရေးသမား ဆီမိုညံက “တတိယကမ္ဘာစစ်ဖြစ်မှာလား မေးရင် ကျိန်းသေပေါက်ဖြစ်မယ်လို့ ပြောရပါလိမ့်မယ်။ ဒါနဲ့ပတ်သက်လို့ သတင်းဆိုးလည်းရှိတယ်၊ သတင်းကောင်းလည်းရှိပါတယ်။ သတင်းဆိုးကတော့ ကျမတို့သက်တမ်းအတွင်းမှာ စစ်ကြီး မပျက်မကွက်ဖြစ်မယ်။ သတင်းကောင်းကတော့ ကျမတို့ အဲဒီစစ်မှာ ဝင်ပါမှာမဟုတ်ဘူး။ ဘေးကနေ ကြည့်နေမှာဖြစ်တယ်” လို့ သုံးသပ်ခဲ့ပါတယ်။

မနှစ်က အောက်တိုဘာလတုန်းကလည်း အစ္စရေး-ဟားမတ်စ် စစ်ပွဲဘက် အာရုံစိုက်နေတဲ့ အမေရိကန်နဲ့ ဗြိတိန်ဟာ ယူကရိန်းကို စွန့်လွှတ်လိုက်ပြီ၊ ယူကရိန်းမှာ အချိန်မကျန်တော့ဘူး၊ ကမ္ဘာကြီးဟာ တတိယကမ္ဘာစစ် ဖြစ်လုဆဲဆဲ ဖြစ်နေပြီ ဆိုတာမျိုးတွေ ပြောခဲ့ပါသေးတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013