DVB Logo
Home
မြန်မာသတင်း
ဗိုလ်မှူးစောချစ်သူ ဦးဆောင်သည့် ကရင်နယ်ခြားစောင့်တပ် BGF စစ်ကောင်စီတပ်မှ ခွဲထွက် 
DVB
·
January 23, 2024
ဗိုလ်မှူးစောချစ်သူ ဦးဆောင်သည့် ကရင်နယ်ခြားစောင့်တပ် BGF စစ်ကောင်စီတပ်မှ ခွဲထွက် 
Donate to DVB

ဗိုလ်မှူးစောချစ်သူ ဦးဆောင်တဲ့ ကရင်နယ်ခြားစောင့်တပ် BGF အဖွဲ့ဟာ စစ်ကောင်စီတပ် လက်အောက်ကနေ ခွဲထွက်ပြီး ထိုင်းနယ်စပ်မှာ လှုပ်ရှားနေတဲ့ သူ့ရဲ့တပ်တွေလည်း ဘားအံခရိုင်ဘက် ပြန်လည်ဆုတ်ခွာသွားပြီလို့ KNLA သတင်းကို ကိုးကားပြီး ThaiPBS သတင်းမှာ ဖော်ပြပါတယ်။

စစ်သည်အင်အား ၃၀၀ လောက်ရှိတဲ့ ဗိုလ်မှူးစောချစ်သူရဲ့  BGF နယ်ခြားစောင့်တပ်ဟာ   ဇန်နဝါရီ ၂၁ ရက်က ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် ဆွပ်မွေးမြို့နယ်ရဲ့ တဘက်ကမ်း အမှတ် ၅ ‌ဒေသ တပ်စခန်းတွေကနေ ဘားအံခရိုင်ဘက်ကို ပြန်လည်ဆုတ်ခွာသွားပြီဖြစ်ကြောင်း၊ ဒါ့အပြင် အမှတ် ၁၀၁၂၊ ၁၀၁၅ နဲ့ ၁၀၁၆ နယ်ခြားစောင့်တပ်တွေဟာလည်း ဘားအံခရိုင်ဘက်မှာ သွားရောက်စုစည်းနေကြပြီလို့  ဆိုပါတယ်။ 

BGF အနေနဲ့ စစ်ကောင်စီက ပေးတဲ့ လစာငွေနဲ့ တခြားဝန်ဆောင်မှုတွေ လက်ခံတော့မှာ မဟုတ်ကြောင်း၊ ဒါပေမဲ့ စစ်ကောင်စီကို တော်လှန်မှာမဟုတ်သလို  တခြား လက်နက်ကိုင်ဘက်ကိုလည်း ယိမ်းသွားမှာမဟုတ်ဘဲ ဘက်မလိုက်တဲ့ဝါဒကို ကျင့်သုံးမယ်၊ မိမိနယ်မြေတွင်း တည်ငြိမ်အေးချမ်းရေးအတွက် မိမိကိုယ်ပိုင်ရန်ပုံငွေရှာပြီး ဆောင်ရွက်သွားမယ် ဆိုတဲ့အကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်က စစ်ကောင်စီထံ အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၉ ရက်မှာတော့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်း၊  နယ်ခြားစောင့်တပ်ရင်းမှူးနဲ့ ကရင်ပြည်နယ်စစ်ကောင်စီဥက္ကဋ္ဌ ဦးစိုးမြင့်ဦးတို့ဟာ ဗိုလ်မှူး စောချစ်သူနဲ့ သူ့လက်ထောက် စီးပွားရေးတာဝန်ခံတို့ကို  ဘားအံခရိုင် လှိုင်းဘွဲ့မြို့နယ် ကြာအင်းရွာမှာ လာရောက်တွေ့ဆုံဆွေးနွေးခဲ့တယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူနဲ့ လာတွေ့ဖို့ မှာကြားလိုက်ကြောင်း၊ ဗိုလ်မှူးစောချစ်သူတို့ဘက်ကတော့ စစ်ကောင်စီထံက ခွဲထွက်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း၊ BGF တပ် အမှတ် ၁၀၁၁ မှ ၁၀၂၃ ထိ တပ်ဖွဲ့ ၁၃ ဖွဲ့လုံး  စစ်ကောင်စီဘက်က ထောက်ပံ့မှုတွေ ယူတော့မှာမဟုတ်တဲ့အကြောင်း အကြောင်းပြန်ခဲ့တယ်လို့ ဆိုပါတယ်။ 

လက်ရှိအခြေအနေမှာ ဗိုလ်မှူးစောချစ်သူဟာ မြဝတီမြို့အနီးတဝိုက်မှာရှိတဲ့ သူ့ရဲ့တပ်ဖွဲ့ဝင်တွေကို ရွှေကုက္ကိုလ်ဒေသကို ကာကွယ်ဖို့ အမိန့်ပေးထားတယ်လို့ ဆိုပါတယ်။ 

အဆိုပါ နယ်ခြားစောင့်တပ်တွေဟာ ကေအန်ယူလက်အောက်ခံ KNLA တပ်ဖွဲ့ဝင်တွေနဲ့ နယ်မြေချင်း ထပ်နေတဲ့နေရာမှာ ‌ဒေသအကျိုးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့ပြီး စစ်ရေးအရ ပူးပေါင်းတာတော့ မရှိ‌သေးကြောင်း၊ ဗိုလ်မှူးစောချစ်သူက စစ်ကောင်စီထံကနေ ခွဲထွက်ကြောင်း ကြေညာချက်ဟာ ကိုယ်ပိုင်နယ်မြေကို ထိန်းချုပ် ကာကွယ်ဖို့နဲ့ စစ်ကောင်စီအနေနဲ့ လာရောက်စွက်ဖက်ခြင်းမရှိအောင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ တကယ်လို့ စစ်ကောင်စီက အထက်ပါအချက်ကို သဘောမတူဘူးဆိုရင် တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်တယ်လို့ ထိုင်းသတင်းက သုံးသပ်ဖော်ပြသွားပါတယ်။ 

ရွှေကုက္ကိုလ်ဒေသဟာ ကာရာအိုကေ၊ ကာစီနို၊ လောင်းကစားဝိုင်း၊ အွန်လိုင်းလိမ်လည်မှုတွေနဲ့ စည်ကားနေတဲ့မြို့လို့ သတင်းတွေထွက်ပေါ်နေပြီး ထိုင်း စစ်တပ်နဲ့ မြန်မာစစ်တပ်တို့ ပူးပေါင်းကာ အဲဒီဒေသက ဒုစရိုက်မှုတွေ နှိမ်နင်းသွားဖို့လည်း သဘောတူထားကြပါတယ်။ 

Source:- PBS

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013