DVB Logo
Home
မြန်မာသတင်း
PDF အမျိုးသမီးစစ်သည် ၁ ဦးကို ကေအိုင်အေက တပ်ကြပ်ကြီးရာထူး ချီးမြှင့် ဂုဏ်ပြု
DVB
·
January 23, 2024
PDF အမျိုးသမီးစစ်သည် ၁ ဦးကို ကေအိုင်အေက တပ်ကြပ်ကြီးရာထူး ချီးမြှင့် ဂုဏ်ပြု
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုက ဝှေခါစခန်းသိမ်းတိုက်ပွဲမှာ ရဲစွမ်းသတ္တိ အပြည့်နဲ့ တိုက်ပွဲအစအဆုံး ပါဝင်တိုက်ခိုက်ခဲ့တဲ့ PDF တပ်ဖွဲ့ဝင် အမျိုးသမီး စစ်သည်တဦးကို ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) စစ်ရုံးက တပ်သားအဆင့်ကနေ  တပ်ကြပ်ကြီးအဆင့်ကို ရာထူးတိုး ဂုဏ်ပြုချီးမြှင့်လိုက်ပါတယ်။

PDF တပ်ဖွဲ့ဝင် ဒေါ်ဂျန်မော် ခေါနိရှောင် (ခ) ဒေါ်ဆုဟာ တပ်​ကြပ်ကြီးရာထူးတိုးမြှင့် ဂုဏ်ပြုခံရတဲ့အပြင် ရွှေဆွဲကြိုးနဲ့ ငွေသားကိုပါ ဇန်နဝါရီ ၂၂ ရက်မှာ အခမ်းအနားနဲ့ ဂုဏ်ပြုချီးမြှင့်ခံခဲ့ရတယ်လို့ ကေအိုင်အို သတင်းပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

ဖားကန့်ဒေသခံတဦးက "ဝှေခါတိုက်ပွဲမှာ အမျိုးသမီးတယောက်ပါတယ်ဆိုပြီး ပုံတွေ တက်လာတာရှိတယ်။ သူ့အမျိုးသားလည်း ကချင်အမျိုးသားလို့ ရေးထားတာ။ ခုလို ဂုဏ်ပြုခံရတယ်ဆိုတာသိရတော့ ကချင်ပြည်သူတွေလည်း ဝမ်းသာကြတာပေါ့"လို့ ပြောပါတယ်။

ကချင်အမျိုးသားတယောက်ရဲ့ဇနီးဖြစ်တဲ့  PDF တပ်ဖွဲ့ဝင်အမျိုးသမီး ဒေါ်ဂျန်မော် ခေါနိရှောင်ဟာ  ကလေး ၅ ယောက်မိခင်လည်းဖြစ်ပါတယ်။

သူဟာ စက်ချုပ်ဆိုင်ဖွင့်ထားတဲ့ သာမန် အိမ်ရှင်မ ဘဝကနေ အာဏာသိမ်းပြီးနောက်မှာတော့ PDF တပ်ဖွဲ့ကို ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။ 

ဝှေခါကျေးရွာက စစ်ကောင်စီစခန်းကို ကေအိုင်အေနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက  ဇန်နဝါရီ ၂၀ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013