DVB Logo
Home
နိုင်ငံတကာ
အစ္စရေးထိုးစစ်ကြောင့် ဂါဇာတွင် သေဆုံးသူ ၂၅,၀၀၀ ကျော်ရှိလာ
DVB
·
January 22, 2024
အစ္စရေးထိုးစစ်ကြောင့် ဂါဇာတွင် သေဆုံးသူ ၂၅,၀၀၀ ကျော်ရှိလာ
Donate to DVB

ဂါဇာမှာ အစ္စရေးထိုးစစ်ကြောင့် သေဆုံးသူအရေအတွက်က ၂၅,၀၀၀ ကျော်လာပြီလို့ ဟားမတ်စ် ကွပ်ကဲမှုအောက်ရှိ ဂါဇာကျန်းမာရေးဌာနက ဇန်နဝါရီ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ ဟားမတ်စ်တွေကို အမြစ်ဖြတ်ချေမှုန်းဖို့ အစ္စရေးရဲ့ ရည်မှန်းချက်ဟာ ထင်သလောက် ခရီးမပေါက်ဘဲ ဟားမတ်စ်အဖွဲ့ဝင် ခန့်မှန်းခြေ ၃၀,၀၀၀ လောက်ရှိရာမှာ ၂၀ ရာခိုင်နှုန်းက ၃၀ ရာခိုင်နှုန်းကြားပဲ သုတ်သင်နိုင်သေးတယ်လို့ အမေရိကန်ထောက်လှမ်းရေးက ခန့်မှန်းထားတယ်လို့ Wall Street Journal က ဖော်ပြပါတယ်။

စစ်ပွဲ သုံးလကျော်လာချိန်မှာ ဂါဇာကမ်းမြောင်လည်း ထောင်းလမောင်းကြေနေပေမဲ့ ဟားမတ်စ်တွေဟာ သူတို့ရဲ့ တိုက်ခိုက်ရေးအင်အား အများစုကို ဆက်ထိန်းထားနိုင်ဆဲဖြစ်ပြီး အစ္စရေးတပ်တွေကို လနဲ့ချီ ရင်ဆိုင်တိုက်ခိုက်ဖို့ လုံလောက်တဲ့ ခဲယမ်းအရေအတွက်လည်း ရှိနေဆဲဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။

စစ်ပွဲစကတည်းက အခုချိန်ထိ ဟားမတ်စ်အဖွဲ့ဝင် ၉,၀၀၀ လောက်ကို သုတ်သင်ပြီး ဖြစ်တယ်လို့ အစ္စရေးတပ်မတော် (IDF) က ထုတ်ပြန်ထားပါတယ်။

အစ္စရေးရဲ့ ထုတ်ပြန်ချက်မှာ ဟားမတ်စ်တပ်ဖွဲ့ဝင် ၁၆,၀၀၀ လောက် ဒဏ်ရာရခဲ့ပြီး အဲဒီထဲက ထက်ဝက်လောက်ဟာ ဒဏ်ရာပြင်းထန်လို့ ရှေ့တန်းပြန်မထွက်နိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။

ဒါပေမဲ့ အမေရိကန်ထောက်လှမ်းရေးရဲ့ ခန့်မှန်းချက်မှာတော့ ၁၀,၀၀၀ ဝန်းကျင်ပဲ ဒဏ်ရာရခဲ့ပြီး အဲဒီထဲက အများစုဟာ ပြန်သက်သာလာပြီး ရှေ့တန်းမှာ ပြန်ဝင်တိုက်နေတယ်လို့ ဆိုပါတယ်။

အမေရိကန်ဘက်က ခန့်မှန်းအချက်အလက်နဲ့ပတ်သက်လို့ IDF က မှတ်ချက်ပေးဖို့ ငြင်းထားပါတယ်။

အချက်အလက်တွေအရ အရပ်သားသေဆုံးမှု မြင့်လာချိန်မှာ အစ္စရေးရဲ့ ဟားမတ်စ်ကိုနှိမ်နိုင်းဖို့ ရည်ရွယ်ချက် အလုပ်ဖြစ် မဖြစ်ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။

ဟားမတ်စ်အဖွဲ့ဝင် တယောက်သေရင် ဂါဇာက အရပ်သားနှစ်ယောက်လောက် သေဆုံးပြီး ဒီအချိုးဟာ တော်တော်လေး ကောင်းမွန်တယ်၊ အရပ်သားသေဆုံးမှုကို အတတ်နိုင်ဆုံး လျှော့ချထားနိုင်တယ်လို့ အစ္စရေးစစ်တပ်က ခန့်မှန်းထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013