DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းဘဏ်လုပ်ငန်းတွင် နိုင်ငံခြားဘဏ် ၂၅ ခု ၀င်ရောက်လုပ်ကိုင်ရန် လျှောက်လွှာတင်
DVB
·
August 28, 2014
ပြည်တွင်းဘဏ်လုပ်ငန်းတွင် နိုင်ငံခြားဘဏ် ၂၅ ခု ၀င်ရောက်လုပ်ကိုင်ရန် လျှောက်လွှာတင်
Donate to DVB

ပြည်တွင်းမှာ ၀င်ရောက်လုပ်ကိုင်ဖို့အတွက် လက်ရှိမှာ နိုင်ငံခြားဘဏ်ခွဲ ၂၅ ခုတို့က လျှောက်လွှာတင်သွင်းထားရှိတဲ့အနက် လုပ်ကိုင်ခွင့်ကို ဘဏ် ၅ ခုနဲ့ ၁၀ ခုအကြား ခွင့်ပြုပေးသွားဖို့ ရှိတဲ့အကြောင်း ဘဏ်များနဲ့ ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ အတွင်းရေးမှူးက ပြောပါတယ်။

ပြည်တွင်းမှာ နိုင်ငံခြားကိုယ်စားလှယ်ဘဏ်ခွဲပေါင်း ၄၃ ခုရှိတဲ့အနက် ဘဏ်ခွဲ ၂၅ ခုတို့က ပြည်တွင်းဘဏ်လုပ်ငန်းမှာ ၀င်ရောက်လုပ်ကိုင်ဖို့အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံ လျှောက်လွှာတင်သွင်း ထားရှိပြီးဖြစ်ပါတယ်။

central bank1 copyဒါကြောင့် လက်တလော တင်သွင်းထားရှိတဲ့ ဘဏ်ခွဲ ၂၅ ခုထဲက အနည်းဆုံး နိုင်ငံခြားဘဏ်ခွဲ အရေအတွက် ၅ ခု နဲ့ ၁၀ ခုအကြားကို လုပ်ကိုင်ခွင့်ပြုသွားဖို့ရှိတဲ့အကြောင်း ဘဏ်များနဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က ဒီဗွီဘီကို အခုလိုပြောပါတယ်။

“စိတ်ဝင်ဝင်စားမှု ရှိတဲ့ နိုင်ငံခြားဘဏ်တွေကို ခေါ်ထားရာမှာ ၂၅ ဘဏ် လျှောက်ထားတယ်လို့ သိရပါတယ်။ အဲဒီ ၂၅ ဘဏ်ကို ရွေးချယ်စိစစ်နေသေးတဲ့ အချက်ပဲရှိနေပါသေးတယ်။ ကျနော်တို့ လွှတ်တော်က ရပ်နားထားတဲ့ ကာလဖြစ်နေသေးတယ်။ လွှတ်တော်က စက်တင်ဘာ ၁၁ ရက်မှာ လွှတ်တော်ပြန်စပါ့မယ်။ လွှတ်တော်ပြန်စတဲ့အခါမှာ ရွေးချယ်ရေးအဖွဲ့က ပြင်ဆင်ထားတာတွေကို လွှတ်တော်ကို တင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ရွေးမယ်ဆိုရင် ဘဏ် ၂၅ ခုကနေပြီးတော့ အနည်းဆုံး ၅ ဘဏ် သို့မဟုတ် ၁၀ ဘဏ်ကို ရွေးချယ်ပါ့မယ်လို့ လွှတ်တော်ကို တင်ပြထားတာရှိပါတယ်။”

ဒီနောက် စိစစ်ရွေးချယ်တဲ့နေရာမှာလည်း နိုင်ငံတကာကကျွမ်းကျင်ပညာရှင်အဖွဲ့နဲ့ အစိုးရက ဖွဲ့စည်းထားတဲ့ ရွေးချယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး လုပ်ဆောင်သွားမှာ ဖြစ်တဲ့အကြောင်း သူက ပြောပါတယ်။

ပြည်တွင်းပုဂ္ဂလိကဘဏ်ကြီးတခု ဖြစ်တဲ့ ကမ္ဘောဇဘဏ်လီမိတက်ရဲ့ဒုဥက္ကဋ္ဌ ဦးသန်းလွင်က လက်ရှိအနေအထားက ပြည်တွင်းဘဏ်တွေအနေနဲ့ နိုင်ငံခြားဘဏ်တွေ ယှဉ်ပြိုင်ဖို့ထက် ပူးပေါင်း ဆောင်ရွက်ရမယ့် အခြေအနေပါလို့ အခုလိုပြောပါတယ်။

“တချို့ကပြောတာက တို့က နိုင်ငံခြားဘဏ်နဲ့ ပြိုင်ရမယ်တို့ ဘာတို့။ ပြိုင်တဲ့အခြေအနေမျိုး မရှိသေးဘူး။ ပူးပေါင်းလုပ်ရမယ့် အခြေအနေပဲရှိသေးတယ်။ ဒီလိုပဲ စပြီး ပူးပေါင်းလုပ်ရတာပဲ။ ပြီးမှ ကိုယ့်နိုင်ငံက အင်အားတွေ ကြီးလာပြီဆိုရင်၊ ကျွမ်းကျင်တဲ့ဝန်ထမ်းလည်း ရပြီ၊ နည်းပညာလမ်း အသင့်အတင့် ရှိပြီဆိုရင် အဲဒီတော့မှ ပြိုင်အားရှိမှာ။ အခုနေ သွားပြိုင်လို့ မရသေးဘူး။ အနေအထားတွေ အများကြီးရှိတယ်။”

ပြည်တွင်းမှာ ဘဏ်လုပ်ငန်းနဲ့ ပတ်သက်ပြီး ၀င်ရောက်လုပ်ကိုင်ခွင့်ပြုမယ့် နိုင်ငံခြား ကိုယ်စားလှယ် ဘဏ်ခွဲတွေကို သတ်မှတ်ထားတဲ့အချိန်အတိုင်း လာမယ့်စက်တင်ဘာလထဲမှာ ကြေညာသွားဖို့ရှိတဲ့ အကြောင်းသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013