DVB Logo
Home
အားကစား
မိုဆာလာ ဒဏ်ရာကုသရန် လီဗာပူးအသင်းဆီ ပြန်လာမည်
DVB
·
January 22, 2024
မိုဆာလာ ဒဏ်ရာကုသရန် လီဗာပူးအသင်းဆီ ပြန်လာမည်
Donate to DVB

လီဗာပူးအသင်းတိုက်စစ်မှူး မိုဆာလာဟာ ဒဏ်ရာကို ကုသဖို့အတွက် အသင်းဆီပြန်လာမယ်လို့ နည်းပြ ကလော့ပ်က အတည်ပြုပြောပါတယ်။

ဆာလာဟာ အာဖရိကဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်ဖြစ်တဲ့ ဂါနာနဲ့ နှစ်ဂိုးစီသရေကျတဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပြီး အသင်းရဲ့ပွဲစဉ်နှစ်ပွဲကို လွဲချော်မှာပါ။

လီဗာပူးအသင်းဟာ အရေးပါတဲ့ ကစားသမား ဆာလာကို အာဖရိကဖလားပြိုင်ပွဲ ကျင်းပနေတဲ့ အိုင်ဗရီကို့စ်နိုင်ငံမှာ ကုသလိုခြင်းမရှိတာကြောင့် အသင်းဆီပြန်လာပြီး ကုသဖို့ လုပ်ဆောင်ခဲ့တာပါ။

မိုဆာလာဟာ အုပ်စုနောက်ဆုံးပွဲစဉ်အပြင် ရှုံးထွက်အဆင့် တက်ရောက်နိုင်မယ်ဆိုရင်လည်း ဆက်လက်လွဲချော်မှာဖြစ်ပြီး ကွာတားဖိုင်နယ် တက်ရောက်နိုင်မှ ပြန်လည်ကစားနိုင်မှာပါ။

လီဗာပူးအသင်းဘက်ကတော့ အီဂျစ်အသင်း ကွာတားဖိုင်နယ်တက်ပြီး ဆာလာရဲ့ ဒဏ်ရာအခြေအနေလည်း ပြန်လည်ကောင်းမွန်လာမယ်ဆိုရင် အာဖရိကဖလားပြိုင်ပွဲဆီ ပြန်လည်စေလွှတ်ပေးမှာ ဖြစ်ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013