DVB Logo
Home
အားကစား
ဒိုင်ကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် ကစားသမား ၂ ဦးကို ရာသက်ပန်ကစားခွင့် ပိတ်
DVB
·
January 21, 2024
ဒိုင်ကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် ကစားသမား ၂ ဦးကို ရာသက်ပန်ကစားခွင့် ပိတ်
Donate to DVB

မြန်မာဖူဆယ်လိဒ် ၂ ပြိုင်ပွဲမှာ ဒိုင်လူကြီးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့ M-Million FC က ကစားသမား ၂ ယောက်ကို ရာသက်ပန်ကစားခွင့် ပိတ်လိုက်တယ်လို့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ မြန်မာဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

Sun Far Fc ဖူဆယ်အသင်း နဲ့ M-Million Fc ဖူဆယ် အသင်းတို့ ဇန်နဝါရီ ၁၈ ရက်နေ့က ကစားခဲ့တဲ့ မြန်မာဖူဆယ်လိဒ် ၂ ပြိုင်ပွဲ၊ ပွဲစဉ် ၄ မှာ M-Million Fc အသင်းက ကျောနံပါတ် ၂ ဂိုးသမားရဲသီဟဇော်ဟာ ပထမပိုင်းပွဲချိန် ၂၉ မိနစ်မှာ ဒိုင်လူကြီးကို စောဒကတက်တာ၊ ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေ ပြုလုပ်ခဲ့ပြီး ဒုတိယပိုင်းပွဲချိန် ၃၆ မိနစ်မှာလည်း ကျောနံပါတ် ၄ ဇင်မင်းအောင်က  ဒိုင်လူကြီးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ပါတယ်။

ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ကြတဲ့ M-Million Fc အသင်းက ရဲသီ‌ဟဇော် နဲ့ ဇင်မင်းအောင်တို့ကို MFF မြန်မာဖူဆယ်လိဒ် ၂၀၂၃ လိဒ် ၁ နဲ့ ၂ ရဲ့ အပိုဒ် ၁၂ အရ မြန်မာဖူဆယ်လိဒ်ပြိုင်ပွဲတွေမှာ ရာသက်ပန် ကစားခွင့်မပြုတော့ဘူးလို့ မြန်မာဘောလုံးအဖွဲ့အချုပ်က ထုတ်ပြန်ပါတယ်။

မြန်မာဘောလုံး ပရိသတ်တယောက်က “ဒီလိုအရေးယူမှုတွေက တကယ်ကိုကောင်းပါတယ်။ ဒါပေမဲ့ အရင်ကိုယ်ထိလက်ရောက်တွန်းခဲ့တဲ့ ဒိုင်ကိုတော့ အရေးမယူဘဲ လင်းလက်နဲ့ MIU တို့ပွဲကို ထပ်ကိုင်ခိုင်းခဲ့တာကိုတော့ လက်ခံလို့မရပါဘူး။ ဒိုင်ကိုလည်း အရေးယူမှ မျှမျှတတဖြစ်မယ်လို့ ထင်ပါတယ်။ နောက်ပြီး မနှစ်က ဖူဆယ်က အသင်းကြီးတွေဖြစ်တော့ ဒဏ်ကြေးလောက်နဲ့ ပြီးသွားပြီး ခု အသင်းသေးတွေကျတော့ ရာသက်ပန် ပိတ်တာဆိုတာလည်း မဖြစ်သင့်ပါဘူး” လို့ ပြောပါတယ်။

M-Million ဖူဆယ်အသင်းက ကျောနံပါတ်‌  ၁၁ ဖြိုးစည်သူကိုလည်း လဲနေတဲ့ကစားသမားကို ကန်ဖို့ကြိုးစားခဲ့တဲ့အတွက် ၂ ပွဲပယ်နဲ့ ဒဏ်ငွေ ၅ သောင်းချမှတ်ခဲ့ပြီး စောဒကတက်တဲ့ ဂိုးသမားကို စတင်ဆောင့်တွန်းခဲ့တဲ့ နည်းပြကိုလည်း သင့်တော်သလို ဆက်လက်အရေးယူသွားမယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013