DVB Logo
Home
နိုင်ငံတကာ
ပီရူးသမ္မတကို ပြည်သူများ ဆန္ဒပြ
DVB
·
January 21, 2024
ပီရူးသမ္မတကို ပြည်သူများ ဆန္ဒပြ
Donate to DVB

ပီရူးသမ္မတ ဒီနာဘိုလွာတေးဟာ ဇန်နဝါရီ ၂၀ ရက်က အန်ဒီယမ်နိုင်ငံရဲ့ တောင်ပိုင်း အာယာကူချိုပြည်နယ်ကို သွားရောက်တဲ့ ခရီးစဉ်အတွင်း ဒေသခံတွေရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေကို ကြုံတွေ့ခဲ့ရပြီး အာယာကူချိုဒေသဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတုန်းက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း လူ ၁၀ ဦး သေဆုံးခဲ့တဲ့ ပြည်နယ် ဖြစ်ပါတယ်။

အမျိုးသမီးတဦးဟာ လုံခြုံရေးကို ရှောင်တိမ်းပြီးတော့ သမ္မတအနား အနီးကပ်သွားပြီး သမ္မတကို ကိုင်လှုပ်ပြီးတော့ သူ့ခင်ပွန်းဖြစ်သူဟာ ဆန္ဒပြပွဲတွေ လနဲ့ချီဖြစ်ပွားခဲ့တုန်းက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလလယ်က ဆန္ဒပြပွဲမှာ အသတ်ခံခဲ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။ 

သူ့ကို သမ္မတ အနားကနေ ရဲတပ်ဖွဲ့က ဖယ်ရှားခေါ်ဆောင်သွားပေမယ့် ဖမ်းဆီးထိန်းသိမ်းထားခြင်း မရှိကြောင်း ဒေသခံမီဒီယာတွေက ပြောပါတယ်။ 

သမ္မတဟောင်း ပေဒရို ကက်စ်တီလိုဟာ ကွန်ဂရက်လွှတ်တော်ကို တရားမ၀င်ပိတ်ဖို့ ကြိုးစားနေချိန်မှာ ရာထူးဖြုတ်ချခံရကာ ဖမ်းဆီးခံခဲ့ရပြီးနောက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တာပါ။ 

သူ့ရဲ့ ဒုသမ္မတ ဒီနာဘိုလွာတေးက မြန်မြန်ဆန်ဆန် ကျမ်းသစ္စာကျိန်ဆိုကာ သမ္မတရာထူး ယူခဲ့ပေမယ့် ဆန္ဒပြမှုတွေကြောင့် အများစု ပီရူးတောင်ပိုင်းက အပါအဝင် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပါတယ်။ 

ဘိုလွာတေးဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ တိုင်ကြားချက်ကို ရင်ဆိုင်နေရပြီး လူမျိုးတုံး သတ်ဖြတ်မှု၊ အရည်အချင်းပြည့်မီတဲ့ လူသတ်မှုနဲ့ ဒဏ်ရာအပြင်းအထန် ရရှိစေမှု စတဲ့ စွဲချက်တင် စစ်ဆေးမှုတွေလည်း ခံယူနေရပေမဲ့ ဘိုလွာတေးကတော့ စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013