DVB Logo
Home
အားကစား
ဆုဖလားရယူနိုင်ရန် မန်စီးတီးဘောလုံးအရာရှိချုပ်ကို ခေါ်ယူခဲ့ကြောင်း မန်ယူ ထုတ်ပြန်
DVB
·
January 21, 2024
ဆုဖလားရယူနိုင်ရန် မန်စီးတီးဘောလုံးအရာရှိချုပ်ကို ခေါ်ယူခဲ့ကြောင်း မန်ယူ ထုတ်ပြန်
Donate to DVB

ဆုဖလားရယူနိုင်တဲ့အသင်း ဖြစ်လာဖို့အတွက် မန်စီးတီးဘောလုံးအရာရှိချုပ်ကို ခေါ်ယူခဲ့တာ ဖြစ်ကြောင်း မန်ယူအသင်းက တရားဝင်သတင်းထုတ်ပြန်သွားပါတယ်။ 

မန်ယူအသင်းဟာ မန်စီးတီးအသင်း ဘောလုံးအရာရှိချုပ်အဖြစ် တာဝန်ယူခဲ့သူ အိုမာဘာရာဒါကို အသင်းရဲ့ စီအီးအိုအဖြစ် ခေါ်ယူခန့်အပ်ခဲ့တာပါ။ 

အိုမာဘာရာဒါဟာ စီးပွာရေးပိုင်းနဲ့ ဘောလုံးပိုင်းကို တွဲဖက်လုပ်ဆောင်ပြီး မန်စီးတီးရဲ့ အောင်မြင်မှုတွေမှာ အခရာကျခဲ့သူပါ။ 

အိုမာဟာ ဥရောပဘောလုံးလောကမှာ အတွေ့အကြုံအရှိဆုံး ထိပ်တန်းစီအီးအိုဖြစ်ပြီး ဘောလုံးနဲ့ စီးပွားရေးဆိုင်ရာကိစ္စတွေကို တိုးတက်အောင် လုပ်ဆောင်နိုင်မှာဖြစ်ကြောင်း၊ အသင်းကို စွမ်းဆောင်ရည် မြင့်တက်လာဖို့နဲ့ ဆုဖလားအောင်နိုင်ရေး အသင်းဖြစ်လာဖို့အတွက် ပထမဆုံးခြေလှမ်း ဖြစ်ကြောင်း မန်ယူအသင်းက သတင်းထုတ်ပြန်ပါတယ်။ 

အသက် ၄၆ နှစ်ရှိ အိုမာဟာ ဘာစီလိုနာအသင်းမှာ မီဒီယာနဲ့ စီးပွားရေးဆိုင်ရာမန်နေဂျာ၊ စပွန်ဆာ ဆိုင်ရာအကြီးအကဲ အစရှိတဲ့ ရာထူးတွေနဲ့ ၈ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး မန်စီးတီးဆီ ပြောင်းရွှေ့လာခဲ့တာပါ။ သူဟာ ဘာသာစကား ၄ မျိုး တတ်ကျွမ်းပြီး ဘောလုံးလောကမှာ နှစ်ပေါင်း ၂၀ ကြာ အကြီးတန်းရာထူးတာဝန်တွေနဲ့ လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ 

Photo - Reuters /Phil Noble Livepic

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013