DVB Logo
Home
နိုင်ငံတကာ
ယာယီအသုံးစရိတ် ဥပဒေမူကြမ်းကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် လက်မှတ်ထိုးအတည်ပြု 
DVB
·
January 21, 2024
ယာယီအသုံးစရိတ် ဥပဒေမူကြမ်းကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် လက်မှတ်ထိုးအတည်ပြု 
Donate to DVB

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဖက်ဒရယ်အစိုးရကို မတ်လဆန်းပိုင်းအထိ ရန်ပုံငွေ ပံ့ပိုးပေးမယ့် ယာယီအသုံးစရိတ် ဥပဒေမူကြမ်းကို လက်မှတ်ရေးထိုးခဲ့ပြီး အစိုးရ တစိတ်တပိုင်း ပိတ်သိမ်းရနိုင်တဲ့ အခြေအနေကို တားဆီးနိုင်ခဲ့ကြောင်း အိမ်ဖြူတော်က ဇန်နဝါရီ ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။

အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်က အတည်ပြုခဲ့တဲ့ ဥပဒေမူကြမ်းကို  သမ္မတက လက်မှတ်ရေးထိုးခဲ့တာကြောင့် အစိုးရ လုပ်ငန်းဆောင်တာတွေကို မလိုအပ်ဘဲ ပိတ်ပစ်ရမှာကနေ  တားဆီးပေးပြီး လက်ရှိရန်ပုံငွေအဆင့်ကို ထိန်းသိမ်းထားနိုင်တဲ့အပြင် အစွန်းရောက် မူဝါဒတွေလည်း မပါဝင်ဘူးလို့ အိမ်ဖြူတော် ပြန်ကြားရေးအတွင်းရေးမှူး ကာရိန်း ယွန်းဖြယ်ရ် က ပြောပါတယ်။

အောက်တိုဘာ ၁ ရက်မှာ စတင်မယ့် ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဒီမိုကရက်တစ် အထက်လွှတ်တော် လူများစု ခေါင်းဆောင် ချပ်ခ်ရှူးမားနဲ့ ရီပတ်ဘလစ်ကန် အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ခ်ဂျွန်ဆင်တို့ ညှိနှိုင်းထားတဲ့ ဒေါ်လာ ၁ ဒသမ ၅၉ ထရီလီယံ အသုံးစရိတ်သဘောတူညီချက်ကို အတည်ပြုဖို့ ကွန်ဂရက်လွှတ်တော်ကို ရက်သတ္တပတ် အနည်းငယ်ကြာပေးဖို့ ရည်ရွယ်ထားတဲ့ ယာယီအသုံးစရိတ် ဥပဒေမူကြမ်းကို အောက်လွှတ်တော်က ဇန်နဝါရီ ၁၈ ရက်မှာ အတည်ပြုခဲ့တာပါ။

အောက်လွှတ်တော် ရီပတ်ဘလစ်ကန်တွေအနေနဲ့ အမေရိကန်ပြည်သူတွေအတွက် ပေးဆောင်ရမယ့် တစ်နှစ်တာ ရန်ပုံငွေ တောင်းခံလွှာတွေကို အပြီးပေးနိုင်အောင် အလုပ်တွေ တန်းစီလုပ်ရမှာဖြစ်ပြီး သမ္မတရဲ့ ထပ်လောင်းတောင်းဆိုချက်ကို လိုက်နာခြင်းအားဖြင့် အရေးပေါ် ပြည်တွင်းနဲ့ အမျိုးသားလုံခြုံရေး ဦးစားပေးတွေကို ကိုင်တွယ်ဖြေရှင်းရမှာဖြစ်ကြောင်းလည်း အိမ်ဖြူတော် ပြန်ကြားရေးအရာရှိက ပြောပါတယ်။ 

Source/Photo - REUTERS/Nathan Howard

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013