DVB Logo
Home
မြန်မာသတင်း
မြန်မာဆန် အရည်အသွေး စစ်ဆေးမယ့် တရုတ်ကိုယ်စားလှယ်အဖွဲ့ရောက်
DVB
·
August 27, 2014
မြန်မာဆန် အရည်အသွေး စစ်ဆေးမယ့် တရုတ်ကိုယ်စားလှယ်အဖွဲ့ရောက်
Donate to DVB

မြန်မာဆန်တွေ ပိုးမွှားကင်းစင်ရေး ဆောင်ရွက်နေတာတွေကို လေ့လာဖို့ အတွက် တရုတ်နိုင်ငံ AQSIQ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်တဲ့အဖွဲ့ သြဂုတ် ၂၇ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။

အဖွဲ့ဝင် ၄ ဦး ပါတဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့ပြီး နေပြည်တော်ကို သွားရောက်ကာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနနဲ့ တွေ့ဆုံညှိနှိုင်းဆွေးနွေးမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ လူမှုရေးကွန်ရက် ဖေ့ဘွတ် အင်တာနက်စာမျက်နှာမှာ ရေးသားထားပါတယ်။

China_Rice_web_130525_672ဒါအပြင် စပါးကွင်းတွေ၊ ဆန်စက်တွေ၊ ဆန်စပါးကုမ္ပဏီတွေ ဆန်တင်ပို့တဲ့ ဆိပ်ကမ်းတွေ နဲ့ ပိုးမွှား ကင်းစင်ရေး ဆောင်ရွက်ချက်တွေကို လေ့လာမယ်လို့လည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ပြောပါတယ်။

သူတို့ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဒေါက်တာစိုးထွန်းက အခုလို ရှင်းပြပါတယ်။
“ကျနော်တို့အနေနဲ့ အခုလိုဖြစ်ဖို့ ကြိုးစားနေတာကြာပြီ။ အစိုးရသစ်လက်ထက်ရောက် ကတည်းက ကျနော်တို့ ကြိုးစားနေတာ ၃ နှစ်လောက်ရှိပြီ အခုဆိုရင် လူခေါ်လာနိုင်ပြီပေါ့။ ပထမခြေလှမ်းအဆင့် သူတို့ဆီက လူခေါ်လာနိုင်ပြီပေါ့။ ကျနော်တို့က မကြာမီမှာ အဆင်ပြေသွားနိုင်မယ်လို့ မြင်ပါတယ်။ သို့သော်လည်းပဲ လူတွေမျှော်လင့်သလိုတော့ မဟုတ်ဘူးပေါ့နော်။ သူတို့လာတာနဲ့ အလိုအလျှောက်အားလုံး အဆင်ပြေမှာမဟုတ်ဘူး။ ကျနော်တို့ ဆက်လုပ်ရမယ်ဟာတွေ ရှိပါသေးတယ်။”

နှစ်ဘက် ညှိနှိုင်းလို့ အဆင်ပြေမယ်ဆိုရင် အရည်အသွေးစစ်ဆေးတဲ့ သဘောတူညီချက်ကို လတ်မှတ်ရေးထိုးကြမှာ ဖြစ်ပြီး ဆန်တင်ပို့မှုတွေအတွက် အစိုးရချင်း လတ်မှတ်ရေးထိုးရမှာ ဖြစ်သလို ဒီအဆင့် ရောက်ဖို့တော့ အချိန်ယူရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီတကြိမ် ဆွေးနွေးမှုဟာ နယ်စပ်ကုန်သွယ်ရေး ပုံမှန်ဖြစ်ဖို့နဲ့ တရားဝင်ဖြစ်ဖို့ အဓိက ဦးတည် ဆွေးနွေးမှာ ဖြစ်သလို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌကလည်း အသေးစားနဲ့ အလတ်စား ကုန်သည်စက်ပိုင်တွေ မှီခိုနေရတဲ့ နယ်စပ်လမ်းကြောင်းကို အခက်အခဲမရှိ သွားနိုင်အောင်ဆွေးနွေးဖို့ မှာထားပြီးဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ဖေ့ဘွတ် အင်တာနက်စာမျက်နှာမှာ ရေးသားထားပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်ပဆန်တင်ပို့မှု စုစုပေါင်းပမာဏရဲ့ ၈၀ ရာခိုင်နှုန်းကို တရုတ်ကို နယ်စပ်ကနေ မြန်မာဘက်က တရားဝင်တင်ပို့နေပေမယ့် တရုတ်နိုင်ငံဘက်က တရားဝင် တင်သွင်းခွင့်ပြုချက် မပေးပါဘူး။

နှစ်နိုင်ငံ တရားဝင် တင်ပို့နိုင်ဖို့အတွက် အရည်အသွေး စစ်ဆေးတဲ့ သဘောတူညီချက်ကို လတ်မှတ်မထိုးနိုင်တဲ့အတွက် မြန်မာဆန် တင်ပို့မှုကို တရုတ်က တရားမ၀င်အဖြစ် သတ်မှတ်ထားပါတယ်။

လွန်ခဲ့တဲ့သီတင်းပတ်တွေတုန်းက တရုတ်နိုင်ငံတွင်း ၀င်ရောက်လာတဲ့ တရားမ၀င် ဆန်တွေကို ဖမ်းဆီးနေတာကြောင့် မြန်မာနဲ့ ဗီယက်နမ်ဆန်တင်ပို့သူတွေ အခက်အခဲ ရင်ဆိုင် နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013