DVB Logo
Home
မြန်မာသတင်း
ဟင်္သာတခရိုင် ရခိုင်ရိုးမ၌ တိုက်ပွဲဖြစ်ပြီး စစ်တပ်က ဗိုလ်မှူးအပါအဝင် ၄ ဦးသေဆုံး
DVB
·
January 20, 2024
ဟင်္သာတခရိုင် ရခိုင်ရိုးမ၌ တိုက်ပွဲဖြစ်ပြီး စစ်တပ်က ဗိုလ်မှူးအပါအဝင် ၄ ဦးသေဆုံး
Donate to DVB

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ရခိုင်ရိုးမအတွင်း နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး  စစ်ကောင်စီဘက်က ဗိုလ်မှူးတဦး အပါအဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ဧရာဝတီ တော်လှန်တပ်ဦး (ARF) ထံက သိရပါတယ်။

တိုက်ပွဲဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လုံခြုံရေး အခြေအနေကြောင့် နောက်ကျမှ သတင်းထုတ်ပြန်တာလို့ ARF တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ စစ်တပ်က အင်အားအလုံးအရင်းနဲ့ ကျနော်တို့စခန်းကို ဝင်စီးလို့ စခန်းကို စွန့်ခဲ့ရတယ်။ ၃၁ ရက်နေ့မှာ ထိတွေ့တိုက်ပွဲ စဖြစ်တာပါ။ တိုက်ပွဲ ၂ ရက်ဖြစ်တာမှာ သူတို့ဘက်က ဗိုလ်မှူးတယောက်၊ အခြားအဆင့် သုံးယောက်သေပြီး ၁၁ ယောက် ဒဏ်ရာရပါတယ်။”

နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေ ဆုတ်ခွာတဲ့ လမ်းတလျှောက်မှာ စစ်အသုံးအဆောင်ပစ္စည်းတွေ၊ ကျည်တွေ၊ သွေးစွန်းထားတဲ့ ပတ်တီးလိပ်တွေနဲ့ မြေမြှုပ်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တယောက်ရဲ့ အလောင်းတလောင်းကိုလည်း ARF က တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တိုက်ပွဲဖြစ်ရာနေရာနဲ့ နီးစပ်တဲ့ ကြံခင်းနဲ့ မြန်အောင်မြို့နယ်က ဒေသခံတွေကို ဆက်သွယ်မေးမြန်းရာမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးတဲ့အကြောင်း ဇန်နဝါရီ ၄ ရက်နေ့မှာ သတင်းကြားခဲ့ရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် မြန်အောင်မြို့နယ်အခြေစိုက် အမှတ် ၅၁ ခြေလျင်တပ်ရင်းက စစ်တပ်မိသားစုဝင် တချို့လည်း ငိုယိုနေတဲ့ အခြေအနေတွေ ရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာတော့ ကြံခင်းနဲ့ မြန်အောင်မြို့နယ်တွေရဲ့ ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေ အထိုင်ချ တပ်စွဲထားတဲ့ အခြေအနေတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၃ ခုနှစ် ဇူလိုင်နဲ့ သြဂုတ်လတွေအတွင်း ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ ကြံခင်းမြို့နယ် အနောက်ဘက် တောအုပ်တွေအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဟင်္သာတခရိုင် အမှတ် ၁ တပ်ရင်းတို့ တိုက်ပွဲရှစ်ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အယောက် ၃၀ လောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ပွဲမှာ သေဆုံးဒဏ်ရာရတဲ့ အခြေအနေကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013