DVB Logo
Home
အားကစား
မွေ့ထိုင်းလက်ဝှေ့သမား ထွန်းမင်းနိုင် မလေးရှားဖိုက်တာကို ထပ်မံရှုံးနိမ့်
DVB
·
January 20, 2024
မွေ့ထိုင်းလက်ဝှေ့သမား ထွန်းမင်းနိုင် မလေးရှားဖိုက်တာကို ထပ်မံရှုံးနိမ့်
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊  လုံဖနီလက်ဝှေ့ရုံမှာ ဇန်နဝါရီ ၁၉ ရက်ညက ကျင်းပခဲ့တဲ့ ONE Friday Fights 48  လက်ဝှေ့ပြိုင်ပွဲမှာ  မြန်မာကိုယ်စားပြု မွေ့ထိုင်းလက်ဝှေ့သမား ထွန်းမင်းနိုင်(SULAIMAN)ဟာ မလေးရှားဖိုက်တာ ကာဘီလန် ဂျီလီဗန် ( KABILLAN JELEVAN )ကို အမှတ်နဲ့ ဒုတိယအကြိမ် ထပ်မံ ရှုံးနိမ့်သွားပါတယ်။

အဲ့ဒီပွဲစဉ်တွေမှာ MMA နဲ့ မွေ့ထိုင်းလက်ဝှေ့ပွဲ စုစုပေါင်း တွဲဆိုင်း ၁၁ ဆိုင်းအထိ ပါဝင်တာဖြစ်ပြီး ထွန်းမင်းနိုင်ဟာ ဒုတိယမြောက် တွဲဆိုင်း ဖလိတ်ဝိတ်တန်းမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၀ အရွယ် ထွန်းမင်းနိုင်ဟာ ကစားသမားသက်တမ်းတလျှောက် ၁၆ ပွဲထိုး၊ ၄ ပွဲရှုံးနိမ့်ရလဒ် ရရှိထားပြီး အသက် ၂၄ အရွယ် ကာဘီလန်ဟာ ၂၆ ပွဲထိုး၊ ၄ ပွဲရှုံးရလဒ်ရရှိထားသူ ဖြစ်ပါတယ်။

မွေ့ထိုင်းပွဲကို ၃ မိနစ် ၃ ချီ ယှဉ်ပြိုင်ထိုးသတ်ခဲ့တာဖြစ်ပြီး ပထမအချီ အချေအတင်ထိုးသတ်ခဲ့ကြ‌ပေမဲ့ ဒုတိယအချီ ၁ မိနစ်ခွဲလောက်မှာ ပြိုင်ဘက် မလေးဖိုက်တာရဲ့ ညာဝိုက်လက်သီးထိမှန်လို့ လဲကျသွားတဲ့ ထွန်းမင်းနိုင်ကို ဒိုင်က အမှတ်စဉ်ရေတွက်ခဲ့ရပါတယ်။

တတိယအချီမှာ ဒူးတိုက်ချက်၊ ခြေကန်ချက် တံတောင်ရိုက်ချက်တွေနဲ့ အပြန်အလှန် ထိုးသတ်ခဲ့ကြပြီး ပွဲပြီးဆုံးချိန်မှာ မလေးဖိုက်တာ ကာဘီလန် ဂျီလီဗန်က ဒိုင်အမှတ်နဲ့ အနိုင်ရရှိသွားပါတယ်။

၂၀၂၃ ဇူလိုင် ၁၄ ရက် ည ၇ နာရီအချိန်က  ကျင်းပခဲ့တဲ့ One Friday Night 25 ပွဲစဉ်မှာလည်း ထွန်းမင်းနိုင်နဲ့ မလေးရှားလက်ဝှေ့သမား ကာဘီလန်ဂျီလီဗန်တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပြီး ပထမအချီမှာပဲ ထွန်းမင်းနိုင် အလဲထိုးခံရကာ ရှုံးနိမ့်ခဲ့ပါသေးတယ်။

ဓာတ်ပုံ - One Championship

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013