DVB Logo
Home
မြန်မာသတင်း
မလေးရှားထုတ် သတင်းစာတွင်ပါသည့် စက်ရုံမီးရှို့မှု မြန်မာ မပါ
DVB
·
August 27, 2014
မလေးရှားထုတ် သတင်းစာတွင်ပါသည့် စက်ရုံမီးရှို့မှု မြန်မာ မပါ
Donate to DVB

မလေးရှားနိုင်ငံ ကူလိုင်မြို့ စက်ရုံက အဓိကရုဏ်းမှာ ကားမီးရှို့သူတွေဟာ မြန်မာအလုပ်သမားတွေ ဖြစ်တယ်လို့ မလေးရှားနိုင်ငံထုတ် The New Strait Times သတင်းစာပါ ဖော်ပြချက်ကို မှားယွင်းတယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ အလုပ်သမားသံအရာရှိက တုံ့ပြန်လိုက်ပါတယ်။

[caption id="attachment_63459" align="alignright" width="300"]ဓာတ်ပုံ - The Star ဓာတ်ပုံ - The Star[/caption]ဒီကိစ္စအတွက် လူလွှတ်ပြီး စုံစမ်းခိုင်းခဲ့ရာမှာ မြန်မာအလုပ်သမားတွေ ပါဝင် ပတ်သက်ခဲ့ခြင်း မရှိဘဲ နီပေါအလုပ်သမားတွေ ဖြစ်တဲ့အကြောင်း၊ ပြဿနာက တာဘလော့မှာ ရှိတဲ့ စက်ရုံမှာ နီပေါ အလုပ်သမားတဦး သေဆုံးခဲ့ရာက နီပေါအလုပ်သမားတွေ အလုပ်မဆင်းရာက အစပျိုး ခဲ့တာဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

အလုပ်မဆင်းတဲ့ နီပေါအလုပ်သမားတွေကို သူဌေးက ဂူလိုင်က စက်ရုံကို ခေါ်လာပြီး အလုပ်ဆင်းခိုင်းရာကနေ ဆူပူအုံကြွမှု ဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။

မလေးရှားနိုင်ငံထုတ် The Star သတင်းစာမှာတော့ အလုပ်ရှင်ရဲ့ ဆိုးဝါးတဲ့ ဆက်ဆံရေးကြောင့် အလုပ်သမား ၈၀၀ လောက် စုဝေးဆန္ဒပြခဲ့တဲ့အကြောင်း၊ နေ့ခင်းပိုင်းမှာ ကားမီးရှို့ပြီး စက်ရုံရုံးခန်းကို ခဲနဲ့ ပစ်ပေါက်ခဲ့ကြသလို သြဂုတ် ၂၆ ရက်နေ့ ညမှာ အလုပ်ရှင်ရုံးခန်းနဲ့ စက်ရုံက အဆောက်အဦတချို့ကို ထပ်မံမီးရှို့ခဲ့တဲ့အကြောင်း ရေးပါတယ်။

ဒီဖြစ်စဉ်မှာ နိုင်ငံခြားသားအလုပ်သမား ၁၀၀၀ လောက် စုရုံးခဲ့ကြပြီး ဒီဖြစ်စဉ်မှာ ပါဝင်သူရဲ့ ၅ ပုံ ၃ ပုံဟာ နီပေါနိုင်ငံသားတွေဖြစ်ကြကြောင်း ရဲအရာရှိက ပြောဆိုပြီး ဒီလို မီးရှို့ခဲ့တဲ့အတွက် နီပေါ အလုပ်သမား ၃၉ ဦးကို ဖမ်းဆီးခဲ့တယ်လို့ သတင်းတွေမှာ ရေးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013