DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် MOU မြန်မာအလုပ်သမား ၁၇ ဦး ၂ လကြာအထိ အလုပ်မရသဖြင့် စားဝတ်နေရေး ခက်ခဲ
DVB
·
January 18, 2024
ထိုင်းတွင် MOU မြန်မာအလုပ်သမား ၁၇ ဦး ၂ လကြာအထိ အလုပ်မရသဖြင့် စားဝတ်နေရေး ခက်ခဲ
Donate to DVB

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်၊ မဟာချိုင်မြို့၊ ကထူးဘင်မြို့မှာ နှစ်နိုင်ငံသဘောတူစာချုပ် (MOU) စနစ်နဲ့ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၁၇ ဦးဟာ ၂ လကြာတဲ့အထိ အလုပ် မရသေးတဲ့အတွက် စားဝတ်နေရေးခက်ခဲနေတယ်လို့ WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ထံက သိရပါတယ်။

ကန်ချနာဘူရီမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ အလုပ်လုပ်ဖို့ မြန်မာအလုပ်သမား ၁၈ ဦး ဟာ မြန်မာနိုင်ငံက Royal Golden Gate INT'L Service Co,Ltd နဲ့ ၂ နှစ်စာချုပ်ချုပ်ဆိုပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်မှာ ထိုင်းနိုင်ငံကို ရောက်ရှိခဲ့ပါတယ်။

မြန်မာအလုပ်သမား ၁၄ ဦးဟာ ကန်ချနာဘူရီ နဲ့ ‌၄ ဦးဟာ လရောင်မြို့တို့ကို အေဂျင်စီက ပို့ဆောင်ပြီး အဲဒီကတဆင့် ၁၈ ဦးလုံးကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ ၁၈ က ဘန်ကောက်မြို့ ဘန်ကပိဒေသကို ပို့‌ဆောင်ခဲ့ပါတယ်။

မြန်မာအလုပ်သမား ၁၈ ဦးထဲက ၁၇ ဦးဟာ မာဟာချိုင်မြို့ ကထူးဘင်ဒေသကို ထပ်မံရောက်ရှိခဲ့ပြီး သူတို့ဟာ ထိုင်းနိုင်ငံကို ရောက်တဲ့နေ့ကစပြီး အခုထိ အလုပ်တရက်မှ မလုပ်ရသေးတာကြောင့် အေဂျင်စီကို ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပေမဲ့ ရေရေရာရာ တာဝန် မယူတာကြောင့် WAG မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ထံ အကူအညီတောင်းခံခဲ့ ပါတယ်။

WAG မြန်မာအလုပ်သမားအကူအညီစောင့်ရှောက်ရေးအဖွဲ့ဟာ စားဝတ်နေရေးခက်ခဲနေတဲ့ မြန်မာအလုပ်သမား ၁၇ ဦးကို အလှူခံ ရရှိခဲ့တဲ့ ဆန်နဲ့ ဟင်းသီးဟင်းရွက်တွေကို သွားရောက် ကူညီခဲ့ပြီး ကျန်တဲ့အမှုကိစ္စတွေကိုလည်း ဆောင်ရွက်နေတယ်လို့ WAG အဖွဲ့ရဲ့တာဝန်ရှိသူ ကိုမုန်တိုင်းက ပြောပါတယ်။

“သူတို့က‌ နေရာ ၄ နေရာလောက် ပြောင်းခဲ့ပေမယ့် အလုပ် မလုပ်ရသေးဘူး။ အေဂျင်စီက အလုပ်သမား တယောက်ကို ဘတ် ၃၀၀ စီပေးပေမဲ့ အဲဒါက ဘာမှ လုပ်လို့မရဘူး။ သူတို့ကို ဘန်ကောက် တားလော့စ်ဈေးက လှူတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ လာအိုနယ်စပ်ကပေးတဲ့ ဆန်တွေကို သွားရောက်ကူညီပေးထားပါတယ်။ အေဂျင်စီနဲ့ အလုပ်သမားအခွင့်အရေးအတွက် ကျနော်တို့ ညှိနှိုင်းနေပါတယ်။ တကယ်လို့ ကျနော်တို့ တောင်းဆိုတာ မရဘူး၊ အဆင်မပြေဘူး ဆိုရင်တော့ သက်ဆိုင်ရာ အာဏာပိုင်တွေကတဆင့် ဥပဒေအတိုင်းသွားမှာပါ” လို့ ပြောပါတယ်။

WAG အဖွဲ့‌အနေနဲ့ အေဂျင်စီထံမှ အလုပ်သမားတွေ အလုပ် မလုပ်ရတဲ့ရက်တွေအတွက် လုပ်အားခ ၇၅ ရာခိုင်နှုန်းပေးဖို့၊ အလုပ်သစ်ရှာပေးဖို့နဲ့ ဘိုင်ကျင့်အော် (အလုပ်ပြောင်းဖို့ သူဌေးလက်မှတ်) ရဖို့ တောင်း‌ဆိုထားပါတယ်။

မြန်မာအလုပ်သမား ၁၇ ဦး ၂  လကြာတဲ့အထိ အလုပ်မရသေးတာနဲ့ ပတ်သက်ပြီး Royal Golden Gate INT'L Service Co,Ltd., ကို ဆက်သွယ်ခဲ့ပေမယ့် အဖြေမပေးနိုင်သေးဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်ရှားပါးတာနဲ့ စီးပွားရေး အဆင်မပြေတာတွေကြောင့် ထိုင်း၊ မလေးရှားနဲ့ တရုတ်တို့မှာ သွားရောက် အလုပ်လုပ်ကိုင်သူ သိသိသာသာ တိုးပွားလာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013