DVB Logo
Home
အားကစား
ပရီးမီးယားလိဂ်ဆီ သေချာပေါက် ပြောင်းရွှေ့ကစားမည်ဟု တိုက်စစ်မှူး အိုဆီမန် ပြော
DVB
·
January 17, 2024
ပရီးမီးယားလိဂ်ဆီ သေချာပေါက် ပြောင်းရွှေ့ကစားမည်ဟု တိုက်စစ်မှူး အိုဆီမန် ပြော
Donate to DVB

တချိန်မှာ ပရီးမီးယားလိဂ်ဆီ သေချာပေါက် ပြောင်းရွှေ့ကစားမှာဖြစ်ကြောင်း နိုင်ဂျီးရီးယား တိုက်စစ်မှူး အိုဆီမန်က ပြောသွားပါတယ်။

နာပိုလီတိုက်စစ်မှူးဟာ အီတလီစီးရီးအေမှာ ခြေစွမ်းပြနေပြီး ချဲလ်ဆီး၊ အာဆင်နယ် အသင်းတွေက ခေါ်ယူဖို့ ဆန္ဒရှိနေတာပါ။

အသင်းနဲ့အတူ အာဖရိကဖလား ဝင်ပြိုင်နေချိန်မှာ ပရီးမီးယားလိဂ်ဆီ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး အိုဆီမန်က မှတ်ချက်ပေးခဲ့တာပါ။

အိုဆီမန်က “တချိန်မှာ ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ကစားမှာက သေချာပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ကျနော့်ကစားသမားဘဝရဲ့ တခြားသော ရည်မှန်းချက်တွေအတွက် ရှေ့ဆက်သွားရမှာပါ။ အချိန်တခုရောက်လာရင်တော့ အားလုံးသိရှိကြပါလိမ့်မယ်” လို့ ပြောပါတယ်။

နာပိုလီအသင်းမှာလည်း ပျော်ရွှင်နေပြီး အသင်းဥက္ကဋ္ဌဘက်က အားပေးသလို ရင်းနှီးတဲ့ ဆက်ဆံရေးလည်းရှိကြောင်း အိုဆီမန်က ပြောသွားပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013