DVB Logo
Home
မြန်မာသတင်း
ငပုတောမြို့နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေ မဆပ်နိုင်သူများကို တရားစွဲမည်
DVB
·
January 16, 2024
ငပုတောမြို့နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေ မဆပ်နိုင်သူများကို တရားစွဲမည်
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ရှိ ကျေးရွာတွေမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက စိုက်ပျိုးစရိတ်ချေးငွေတွေကို အချိန်မီပြန်ဆပ်ကြဖို့နဲ့ မဆပ်နိုင်ပါက တရားစွဲမယ်လို့ ပြောကြောင်း စပါးစိုက်တောင်သူတွေက ပြောပါတယ်။

ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ဘက်ရှိ ကျေးရွာတွေမှာ ဇန်နဝါရီ ၁၄ ရက်ကစပြီး စစ်ကောင်စီ အုပ်ချုပ်ရေးမှူးတွေက ရဲတွေနဲ့ပူးပေါင်းပြီး ရွာသားတွေကို အစည်းအဝေးခေါ်ကာ စိုက်ပျိုးစရိတ်ချေးငွေတွေကို အမြန်ဆုံး ပြန်ဆပ်ကြဖို့နဲ့ ပြန်ဆပ်ဖို့ ငွေမရှိပါက လယ်အပေါင်ထားဖို့ ပြောသွားတယ်လို့ စပါးစိုက်တောင်သူတဦးက ပြောပါတယ်။

“အုပ်ချုပ်ရေးမှူးက ရွာသားတွေကို အစည်းအဝေးခေါ်ပြီး စိုက်ဘဏ်ကချေးငွေတွေ အတင်းပြန်ဆပ်ခိုင်းတယ်။ ချေးငွေက အရင် NLD လက်ထက်တည်းက ချေးငွေကော အခု မိုးစပါးအတွက် ချေးထားတဲ့ငွေတွေကော ပြန်တောင်းတာ။ ဆပ်ရမယ့်ပိုက်ဆံက မတူဘူး။ မိုးစပါးဆို ၁ ဧကကို ၁ သိန်းခွဲနှုန်းနဲ့ ၁၀ ဧကထိ ချေးပေးတယ်။ NLD လက်ထက်က ချေးငွေကြတော့ များကြတယ်။ တချို့ဆို အကြွေး ၂ ခုပေါင်း သိန်း ၅၀ လောက်ဆပ်ရမှာ။ ကျနော်တို့က အကုန်လုံးဆပ်ဖို့ မလွယ်ဘူးလို့ ပြောလိုက်တာကို သူတို့က လယ်ပေါင်ပြီးဆပ် ဒါမှမဟုတ် ချေးငွေအတွက် လယ်အပေါင်ထား။”

စိုက်ပျိုးစရိတ်တွေကို အချိန်မီလည်း ပြန်မဆပ်နိုင်၊ လယ်အပေါင်ထားဖို့လည်း ငြင်းဆိုသူတွေကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက ဥပ‌ဒေတိုင်း အရေးယူသွားမယ်လို့ ပြောသွားခဲ့တယ်လို့ ဆိုပါတယ်။

ကညင်ချောင်ကျေးရွာအုပ်စုရှိ တောင်သူတဦးက “တရားစွဲမခံရအောင်တော့ အဆင်ပြေအောင် ဆပ်ကြရမှာပဲလေ။ ခွဲပြီးဆပ်လို့‌ရအောင်တော့ လူကြီးတွေက ညှိနှိုင်းနေကြပါတယ်။ ဒီနှစ်က ရေကြီးတာနဲ့ ပိုးကြ‌တာနဲ့ အဆင်မပြေပါဘူး။ ကြားထဲက စပါးဈေးကလည်း ဈေးကောင်းမရဘူး။ အခုက စားဖို့စရိတ်တွေက ပိုကုန်ကျတော့ ဆပ်ဖို့မလွယ်ပါဘူး” လို့ ပြောပါတယ်။

ဧရာဝတီတိုင်း အနှံ့အပြားမှာ စိုက်ဘဏ်က စိုက်ပျိုးရေးချေးငွေ ပြန်ဆပ်ဖို့၊ မဆပ်နိုင်ပါက တရားစွဲဆိုသွားမယ်ဆိုပြီး ဖိအားပေးနေပေမဲ့ တောင်သူအများစုက ချေးငွေဆပ်နိုင်ဖို့ မလွယ်သေးဘူးလို့ တောင်သူတဦးက ပြောပါတယ်။

ဧရာဝတီတိုင်းဟာ စိုက်ဘဏ်ကို စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်ရမယ့် ကြွေးကျန်အများဆုံးတိုင်းဖြစ်ပြီး တနိုင်ငံလုံးကြွေးကျန်တွေရဲ့ ၅၀ ရာခိုင်နှုန်းအထက်ဟာ ဧရာဝတီတိုင်းကဖြစ်တယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အချက်အလက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013