DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်တက္ကသိုလ်၌ တက်ရောက်သည့် ကျောင်းသားအရေအတွက် ကျဆင်း
DVB
·
January 16, 2024
မော်လမြိုင်တက္ကသိုလ်၌ တက်ရောက်သည့် ကျောင်းသားအရေအတွက် ကျဆင်း
Donate to DVB

မော်လမြိုင်တက္ကသိုလ်မှာ အခုနှစ်ပညာသင်နှစ်အတွက် ကျောင်းတက်ရောက်မယ့် ကျောင်းသား/ကျောင်းသူ အရေအတွက်မှာ ပြီးခဲ့တဲ့နှစ်ထက် ကျဆင်းလာကြောင်း မော်လမြိုင်တက္ကသိုလ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ပညာသင်နှစ်မှာ ကျောင်းသား ကျောင်းသူပေါင်း ၄၀,၀၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြရာက အခုနှစ် ၂၀၂၄ ခု ကျောင်းအပ်ရာသီမှာ ၇,၀၀၀ ကျော်ခန့်သာ ရှိသေး​တယ်လို့ မော်လမြိုင်တက္ကသိုလ် ကျောင်းသားရေးရာဌာနနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“မနှစ်ကထက်တော့ လျော့သွားတာပေါ့။ ရာခိုင်နှုန်းအားဖြင့်ဆိုရင် ၂၅ ရာခိုင်နှုန်းလောက်ပဲ ကျောင်းပြန်တက်နိုင်တော့တာ။ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ကြတဲ့သူတွေလည်း ရှိသလို တချို့မြို့နယ်တွေမှာက နယ်မြေအေးချမ်းမှုတွေ မရှိသေးလို့ ကျောင်းပြန်မတက်နိုင်ကြတာတွေလည်းရှိတယ်။”

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် မော်လမြိုင်တက္ကသိုလ်မှာ CDM ပါဝင်တဲ့ ပါမောက္ခ၊ ကထိက အပါအဝင် ဆရာ၊ ဆရာမ ၁၂၆ ဦးကို နိုင်ငံ့ဝန်ထမ်းဥပဒေနဲ့ အလုပ်တာဝန်ကနေ ယာယီရပ်ဆိုင်းခဲ့​တာလည်း ဖြစ်ပါတယ်။

ဘီးလင်းမြို့နယ်မှ တတိယနှစ်ကျောင်းသားတဦးက “မနှစ်ကအထိတော့ ကျောင်းတက်လို့ရသေးတယ်။ ဒီနှစ်တော့ ရွာမှာက တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေလို့ မတက်ဖြစ်တော့တာပါ။ အခုတောင် စစ်ဘေးရှောင်နေရတယ်။ ကျောင်းက ဘယ်အချိန်ဖြစ်ဖြစ် ပြန်တက်လို့ရတယ်။ ကိုယ့်အသက်လောက်တော့ ဘယ်အရာမှ အရေးမကြီးဘူးလို့ပဲ ပြောချင်ပါတယ်” လို့ ပြောတာပါ။

မော်လမြိုင်တက္ကသိုလ်မှာ ၂၀၂၄ ခုနှစ်အတွက် ကျောင်းတက်ရောက်မယ့် ကျောင်းသား ကျောင်းသူတွေ အနေနဲ့ ကျောင်းအပ်ခမှာ ပြီးခဲ့တဲ့နှစ်အတွင်း ကျပ် ၂၀,၀၀၀ ဝန်းကျင်သာ ပေးခဲ့ရပေမဲ့ အခုနှစ်မှာ ကျပ် ၄၈,၀၀၀ အထိ ပေးဆောင်ခဲ့ရကြောင်း ကျောင်းတက်ရောက်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013