DVB Logo
Home
မြန်မာသတင်း
အစိုးရတပ်ကြောင့် နစ်နာမှု လျော်ကြေးပေးရန် ရှမ်းရွာသားများ တောင်းဆို
DVB
·
August 27, 2014
အစိုးရတပ်ကြောင့် နစ်နာမှု လျော်ကြေးပေးရန် ရှမ်းရွာသားများ တောင်းဆို
Donate to DVB

ရှမ်းပြည်နယ် ကျေးသီးမြို့နယ် ဖာဆောင်ကျေးရွာအုပ်စုထဲမှာ လွန်ခဲ့တဲ့ ၂ လကျော်က အစိုးရတပ်ဖွဲ့တွေ ၀င်ရောက်လာပြီးတဲ့နောက်ပိုင်း ရွာသားပိုင် ကောက်ပဲသီးနှံနဲ့ ကျွဲနွားတိရစ္ဆာန်တွေ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တဲ့အတွက် လျော်ကြေးပေးဖို့  ရှမ်းရွာသားတွေက တောင်းဆိုလိုက်ပါတယ်။

statementသမ္မတဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မင်းအောင်လှိုင်တို့ဆီ သက်ဆိုင်ရာရွာသားတွေ လက်မှတ်ရေးထိုးပြီး သြဂုတ် လ၂၆ ရက်နေ့နေ့စွဲနဲ့ စာရေးသားပေး ပို့ တောင်းဆို လိုက်တာပါ။

အဲဒီဒေသထဲမှာ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့နဲ့ အစိုးရတပ်ကြား မကြာခဏပစ်ခတ်မှုတွေရှိနေပြီး အစိုးရတပ်က စစ်အင်အားဖြည့်တင်းရာမှာ ဖာဆောင်ရွာ တခုတည်းမှာတင် အစိုးရတပ်သား ၅၀၀   ကျော် ၀င်ရောက်စခန်းချနေတယ်လို့ ဆိုပါတယ်။

အဲဒီလိုစခန်းချရာမှာ လယ်ယာသီးနှံ ခြံစည်းရိုးတွေ ဖျက်ဆီးပြီး စစ်တပ်က ၀င်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ ခြံစည်းရိုးတွေ မရှိတော့တဲ့အတွက် ကျွဲနွားတိရစ္ဆာန်တွေ ၀င်ရောက်မွှေနှောက်လို့ သီးနှံစိုက်ခင်း ဧက ၄၀၀ ကျော် ပျက်စီးခဲ့ရတယ်လို့ ရွာသားတွေရဲ့ အပြောကို ကိုးကားပြီး ပြည်ပအခြေစိုက် ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်တပ်ဝင်ရောက်လာလို့ ရွာထဲမှာ ဆက်မနေရဲတော့ဘဲ ၀မ်ဝပ်ဘုန်းကြီးကျောင်းမှာ သွားရောက် ခိုလှုံနေသူ ၃၀၀ လောက်ရှိပြီး သူတို့တတွေ နေ့စဉ်ဘ၀ ပုံ မှန်ပြန်ပြီး လုပ်ကိုင်စားသောက်နိုင်ဖို့  ရွာထဲဝင်နေတဲ့ စစ်တပ်တွေ ဖယ်ရှားပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

တောင်းဆိုချက် မိတ္တူကို ရှမ်းပြည်နယ် အမှတ် ၄ စစ်ဒေသတိုင်းမှူး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် နဲ့ ရှမ်းပြည်နယ်တွင်းက နိုင်ငံရေးပါတီတွေကိုလည်း ပေးပို့ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013