DVB Logo
Home
မြန်မာသတင်း
အသက်မွေးမှုပညာ ဖွံ့ဖြိုးရေး ဆွစ်ဇာလန်က ဒေါ်လာ ၅ သန်း ကူညီ
DVB
·
August 27, 2014
အသက်မွေးမှုပညာ ဖွံ့ဖြိုးရေး ဆွစ်ဇာလန်က ဒေါ်လာ ၅ သန်း ကူညီ
Donate to DVB

အသက်မွေးမှုအတတ်ပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံရှိ ဆွစ်ဇာလန်သံရုံးကနေပြီး  အမေရိကန် ဒေါ်လာ ၅ သန်း ကူညီဖို့ ကတိပြုလိုက်ပါတယ်။

MW Weldingအကူအညီကို မြန်မာနိုင်ငံ အသက်မွေးမှု အတတ်ပညာ သင်တန်းကျောင်း (စီဗွီတီ) ကို အဓိက ပေးအပ် ကူညီသွားမယ်လို့ ဆွစ်သံရုံးရဲ့ အသက်မွေး ပညာကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားစီမံကိန်းအရာရှိ (National Programme Officer) ဦးနေမျိုးဇော်က ပြောပါတယ်။

ဆွစ်ဇာလန်အစိုးရရဲ့ အသက်မွေးမှုအတတ်ပညာရပ်တွေနဲ့ အလုပ်အကိုင် အခွင့်အလမ်း တွေ အားပေးမြှင့်တင်မယ့် စီမံကိန်းတရပ်အရ ပေးတဲ့အကူအညီ ဖြစ်ပါတယ်။

ဒီငွေကြေးအကူအညီက ၂၀၁၄ ဇူလိုင်လကနေ ၂၀၁၈ ဧပြီလအထိ ကာလအပိုင်း အခြားအတွက် စီမံကိန်းစုစုပေါင်း ကုန်ကျစရိတ်ရဲ့ ၃၆ ရာခိုင်နှုန်းကို အလုံအလောက် ထောက်ပံ့မှု ပေးမယ်လို့ သံရုံးက ထုတ်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီကျောင်းမှာ စီးပွားရေးပညာအထောက်အကူပြုသင်တန်း၊ လျှပ်စစ်ကျွမ်းကျင်မှု အထောက်အကူပြု သင်တန်း၊ ပရိဘောဂပြုလုပ်မှု အတတ်ပညာသင်တန်း၊ ဟိုတယ်နဲ့ ဧည့်ဝတ်ပြုမှု အတတ်ပညာသင်တန်းနဲ့ သတ္တုပစ္စည်းထုတ်လုပ်မှု အတတ်ပညာသင်တန်း တို့ကို ဖွင့်လှစ်သင်ကြားပေးနေတာ ဖြစ်ပါတယ်။

ဒီသင်တန်းကျောင်းဟာ ဆွစ်ဇာလန်နိုင်ငံက အသက်မွေးဝမ်းကျောင်းနည်းပညာ အထောက်အပံ့တွေကို အခြေခံပြီး အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းတွေကို မြန်မာနိုင်ငံက လူငယ်တွေကို ပို့ချပေးတဲ့ကျောင်း ဖြစ်ပါတယ်။

ဒီသင်တန်းကျောင်းမှာ စာတွေချည်း မဟုတ်ဘဲ အလုပ်လုပ်ရင်း သင်တန်းပေးပြီး ၃ နှစ်အ တွင်း ဒီပလိုမာပေးတဲ့ စနစ်ဖြစ်တဲ့အတွက် ဆွစ်ဇာလန်သံရုံးအနေနဲ့ ကူညီတာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီသင်တန်းကျောင်းကို ၂၀၀၃ ခုနှစ်ကတည်းက စတင် တည်ထောင်ခဲ့တာဖြစ်ပြီး နှစ်စဉ် သင်တန်းသူသင်တန်းသား ၅၀၀ ကို သင်ကြားပေးနေပါတယ်။

အဓိကအားဖြင့် အခြေခံပညာ အလယ်တန်းအောင်ပြီး ကျောင်းဆက်မတက်နိုင် သူတွေကို အသက်မွေးဝမ်းကျောင်းပညာအဖြစ် ပြန်လည်သင်ကြားပေးနေတာလို့ စီဗွီတီရဲ့ ၀က်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013