DVB Logo
Home
မြန်မာသတင်း
ယူအန်အက်ဖ်စီနှင့် နိုင်ငံရေးအင်အားစုများ ပထမဆုံးအကြိမ်တွေ့မည်
DVB
·
August 27, 2014
ယူအန်အက်ဖ်စီနှင့် နိုင်ငံရေးအင်အားစုများ ပထမဆုံးအကြိမ်တွေ့မည်
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုအဖွဲ့ဖြစ်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) နဲ့ ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေ  ပထမဆုံးအကြိမ်  တွေ့ ဆုံဆွေးနွေးကြဖို့ရှိနေပါတယ်။

[caption id="attachment_63344" align="alignright" width="300"]ယူအန်အက်ဖ်စီ ညီလာခံ (ဓာတ်ပုံ - Aung Moe Myint) ယူအန်အက်ဖ်စီ ညီလာခံ (ဓာတ်ပုံ - Aung Moe Myint)[/caption]

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ လာမယ့် သြဂုတ်လ ၂၉ နဲ့ ၃၀ ရက်နေ့မှာ တွေ့ ဆုံကြမှာဖြစ်ပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့၊  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အ စည်းက ငွေရ တု ကြေညာ စာတမ်း အကောင် အ ထည်ဖော်ရေးကော်မတီနဲ့ ပြည်တွင်းက ၁၉၉၀ လွှတ်တော် အမတ်များအဖွဲ့ တွေ ပါဝင်မှာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ ဒီမိုကရေစီရေး၊ တိုင်းရင်းသားတန်းတူညီရေးကိစ္စတွေ အဓိကထားဆွေးဆွေးသွားမယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်ဖို့ရှိနေတဲ့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်  ဦးညီပုက ပြောပါတယ်။

ယူအန်အက်ဖ်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့  လက်ရှိကျင်းပနေတဲ့ ယူအန်အက်ဖ်စီ ညီလာခံက ရရှိမယ့် ဆုံးဖြတ်ချက်တွေ၊ ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေကို ရှင်းပြဆွေးနွေးသွားဖို့ ရှိတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013