DVB Logo
Home
နိုင်ငံတကာ
ဒိန်းမတ်ဘုရင်သစ် ဒသမမြောက် ဖရက်ဒရစ် နန်းတက်
DVB
·
January 15, 2024
ဒိန်းမတ်ဘုရင်သစ် ဒသမမြောက် ဖရက်ဒရစ် နန်းတက်
Donate to DVB

ဒိန်းမတ်ဘုရင်မကြီး ဒုတိယမြောက် မာဂရက်ဟာ ထီးနန့်စွန့်သွားပြီးနောက် ဇန်နဝါရီ ၁၄ ရက်နေ့မှာ သားတော်ဖြစ်သူက ဒသမမြောက် ဖရက်ဒရစ် ဘုရင်အဖြစ်  ထီးနန်းဆက်ခံခဲ့ပါတယ်။

မြို့တော် ကိုပေဟေဂင်မှာ သောင်းချီတဲ့ ဒိန်းမတ်ပြည်သူတွေဟာ အေးခဲတဲ့ရာသီဥတုကို အန်တုပြီး စည်းမျဉ်းခံဘုရင်စနစ်ရဲ့ မင်းပြောင်းမင်းလွှဲကို ကြိုဆိုခဲ့ကြပါတယ်။

ဒိန်းမတ်နန်းဆက် နှစ်ပေါင်း ၉၀၀ နီးပါးအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အသက် ၈၃ နှစ်ရှိပြီဖြစ်တဲ့ ဘုရင်မကြီး မာဂရက်က နန်းစွန့်မယ်လို့ ကြေညာခဲ့စဉ်က တနိုင်ငံလုံး အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။

ပါလီမန်မှာကျင်းပတဲ့ နိုင်ငံတော်ကောင်စီ အစည်းအဝေးအတွင်း  နန်းစွန့်ကြောင်း ကြေညာချက်ကို မာဂရက်က လက်မှတ်ထိုးလိုက်ပြီးနောက်မှာ နန်းမွေဆက်ခံမှုဟာ တရားဝင် ဖြစ်လာပါတယ်။

ဘုရင်မကြီးက ထိုင်ခုံကထပြီး သားတော်ကို သူ့ထိုင်ခုံမှာထိုင်ဖို့ အချက်ပြလိုက်ပါတယ်၊ အဲဒီနောက်မှာတော့ “ဘုရင်မင်းမြတ်ကို ဘုရားသခင် ကယ်မတော်မူပါစေ” လို့ပြောပြီး အခန်းထဲက ထွက်သွားခြင်းအားဖြင့် နန်းမွှေလွှဲအပ်မှုကို ပြီးမြောက်စေခဲ့ပါတယ်။

ကမ္ဘာမှာ ရှေးအကျဆုံး နန်းဆက်တခုဖြစ်တဲ့ ဒိန်းမတ်ထီးနန်းမှာ နန်းတက်ပွဲကြီး မကျင်းပပေမဲ့ ပွဲလမ်းအခမ်းအနားတွေတော့ ကျင်းပခဲ့ပါတယ်။

ပါလီမန်အဆောက်အအုံ ခရစ္စရှန်ဘော့ဂ်ရဲတိုက် လေသာဆောင်ကနေ ဝန်ကြီးချုပ်  မက်တီဖရက်ဒရစ်ဆင်က “ဒသမမြောက် ဖရက်ဒရစ်ဘုရင်မင်းမြတ် သက်တော်ရာကျော်ရှည်ပါစေ” လို့ ကြွေးကြော်ပြီး အသက် ၅၅ နှစ်အရွယ် ဘုရင်သစ်ကို ထီးနန်းတင်ပေးခဲ့ပါတယ်။

ပွဲတက်စစ်ဝတ်စုံ ဝတ်ဆင်ထားတဲ့ ဘုရင်သစ်က ပြည်သူတွေကို လေသာဆောင်ကနေ မိန့်ခွန်းပြောပါတယ်။

စီးကျနေတဲ့ မျက်ရည်ကိုသုတ်ရင်း ဘုရင်သစ်က ဒီတာဝန်ကို ဂုဏ်ယူ၊ လေးစွာ၊ ပျော်ရွှင်စွာ ထမ်းဆောင်မယ့်အကြောင်း ပြောကြားခဲ့ပါတယ်။

ဇနီးသည် ဘုရင်မ မေရီဟာ ဩစတြေးလျသူဖြစ်ပြီး ၂၀၀၀ ပြည့်နှစ် ဆစ်ဒနီအိုလံပစ်တုန်းက တွေ့ဆုံချစ်ကြိုက်ခဲ့ကာ အကြောင်းပါခဲ့တာပါ။

အိမ်ရှေ့စံသစ်ဖြစ်လာတဲ့ သားတော်ကြီး မင်းသား ခရစ်ရှန်၊ သမီးတော် အစ္စဘယ်လ်၊ အမြွှာမောင်နှမတွေဖြစ်ကြတဲ့ သမီးတော် ဂျိုးဆက်ဖင်း၊ သားတော် ဗင်းဆင့်န် တို့နဲ့အတူ သောင်းချီတဲ့ပြည်သူတွေကို နှုတ်ဆက်ခဲ့ကြပါတယ်။

Source/Photo-REUTERS/Wolfgang Rattay

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013