DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့သစ်စီမံကိန်း ပွင့်လင်းမြင်သာမှုရှိရန်လိုဟု လွှတ်တော်အမတ်အချို့ ပြော
DVB
·
August 27, 2014
ရန်ကုန်မြို့သစ်စီမံကိန်း ပွင့်လင်းမြင်သာမှုရှိရန်လိုဟု လွှတ်တော်အမတ်အချို့ ပြော
Donate to DVB

ရန်ကုန်တိုင်းအစိုးရက လွှတ်တော်ကို အသိပေးခဲ့တဲ့ ရန်ကုန်မြို့သစ်စီမံကိန်းဟာ ပွင့်လင်းမြင်သာမှုမရှိဘဲ ပြည်သူတွေကို ကြီးကြီးမားမားနစ်နာ ဆုံးရှုံးစေနိုင်တဲ့အတွက် အစိုးရအနေနဲ့ ဒီထက်ပိုပြီး ရှင်းလင်းတင်ပြဖို့ လိုတယ်လို့ လွှတ်တော် ကိုယ်စားအမတ်တချို့က ပြောပါတယ်။

ပြည်ထောင်စု အစိုးရခွင့်ပြုချက်နဲ့ ဆောင်ရွက်မယ်ဆိုတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းအပေါ် တိုင်းအစိုးရကို လွှတ်တော်အမတ်တွေက ဝေဖန်လိုက်ကြတာပါ။

New City Yangonဗဟန်းမြို့နယ် အမတ် ဒေါက်တာ ညိုညိုသင်းက စီမံကိန်းနေရာ က မြေတွေကို သိမ်းယူရာ မှာ မြေပိုင်ရှင်တွေက လက်ခံသဘော တူလားဆိုတာ မသိရလို့ ပြည်သူတွေကို ကြီးကြီးမားမားနစ်နာ ဆုံးရှုံးစေနိုင်တယ်လို့ ယုံကြည်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီ ပါတီသစ်က ကိုယ်စားလှယ် ဦးကျော်က လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့သူတွေ ဖြစ်တဲ့အတွက် အသိမပေးပဲဆောင်ရွက်ခဲ့တဲ့အပေါ်မှာတော့ ဘ၀င်မကျဘူးလို့ ပြောပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မာက အလုပ်အကိုင် အခွင့်အလမ်းနဲ့ နေထိုင်စရာတွေ ရလာမယ် ဆိုတဲ့အပေါ်မှာ စိတ်ဝင်စားကြောင်း၊ ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရဘက်က ထပ်ပြီးတင်ပြဦးမှာပါလို့ ပြောပါတယ်။

ပုဂ္ဂလိက ကုမ္ပဏီတခုကို လုပ်ပိုင်ခွင့်ပေးထားတဲ့ အဲဒီစီမံကိန်းကို မြေဧက ၃ သောင်းကျော်သုံးပြီး ကျပ်ငွေ ၁၅ ဘီလီယံကျော် ရင်နှီးမြှုပ်နှံမယ်လို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ်ရဲ့ သ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013