DVB Logo
Home
မြန်မာသတင်း
မြန်မာ လက်ဖက် ဂျပန်ဝယ်ယူလို
DVB
·
August 26, 2014
မြန်မာ လက်ဖက် ဂျပန်ဝယ်ယူလို
1 / 5
Donate to DVB

လက်ဖက်ခြောက်တွေ  နိုင်ငံတကာကနေ ၀ယ်ယူဖြန့်ချိရောင်းချနေတဲ့ ဂျပန်ကုမ္ပဏီ တခုက မြန်မာပြည်ကနေ လက်ဖက်စိုတွေ ၀ယ်ယူဖို့ စိတ်ဝင်တစားနဲ့ ကမ်းလှမ်းထားပါတယ်။

Tea Picking copyဂျပန်လက်ဖက်စိမ်း ကုမ္ပဏီ Japan Greentea Co., Ltd. က မြန်မာ လက်ဖက်စိုတွေကို  ၀ယ်ယူ တင်သွင်း လိုတဲ့ အကြောင်း မြန်မာ သံရုံးကို ဆက်သွယ်တာလို့ တိုကျိုမြို့မှာ ရှိတဲ့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့  စီးပွားရေးသံမှူး ဦးမင်းဇော်ဦးက ဒီဗွီဘီကို  ပြောပါတယ်။

Tea Picking 1 copy“ဂျပန်ကုမ္ပဏီ ကနေပြီးတော့ အရင်တုန်းက လက်ဖက်ခြောက်တွေ တကမ္ဘာလုံး ကို ဖြန့်နေ တာပါ။ ဖြန့်နေတော့ သူက အဲဒီကနေ ပြီးတော့ နောက်ပိုင်း စဉ်းစားလာတာက လက်ဖက်အစိုပေါ့။ ကျနော်တို့ စားတဲ့လက်ဖက်အစိုပေါ့။ ကျနော်တို့နိုင်ငံကနေ သွင်းချင်တာပေါ့။ သူတို့ ပြောတဲ့အနေအထားအရတော့ လက်ဖက်အစိုစားတဲ့ဓလေ့က  မြန်မာနိုင်ငံက အဓိက ဖြစ်တယ်လို့ သူတို့ ပြောပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံက လက်ဖက်အစိုကို သွင်းပြီးတော့ ဂျပန်နိုင်ငံက လက်လီအရောင်းဈေးကွက်မှာလည်း ဖြန့်ချင်တယ်။ တခြားနိုင်ငံတွေကိုလည်း ပို့ဖို့ ရှိတယ်နဲ့ တူပါတယ်။ အဲဒါ မြန်မာနိုင်ငံက လက်ဖက်စိုလုပ်ငန်း လုပ်နေသူတွေနဲ့ ချိတ်ပေးပါဆိုပြီး ပြောလို့ ဆောင်ရွက်ပေးနေပါတယ်။”

Tea Picking 2 copyလက်ဖက်စို ပြည်ပ တင်ပို့နိုင်ရေးနဲ့ ပတ်သက်တဲ့ သတင်းအချက် လက်တွေ ကို မြန်မာနိုင်ငံ ထဲက ပြည်နယ်၊ တိုင်းနဲ့ မြို့နယ်တွေမှာ ရှိတဲ့  စီးပွားကူး သန်းဝန်ကြီးဌာန လက်အောက်ခံ ကုန်သွယ်မှု မြင့်တင်ရေးဦးစီးဌာနတွေမှာလည်း ဖြန့်ဝေပေးထားတယ်လို့လည်း မြန်မာသံရုံးရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဂျပန် Japan Green Tea ကုမ္ပဏီက  ပြည်ပကုန်သွယ်ရေးဌာနအကြီးအကဲ မစ္စတာ ယူဂျီယို မီရှီမားကတော့  မြန်မာနိုင်ငံဟာ လက်ဖက်စိုတွေ အဓိက ထုတ်လုပ်တဲ့နိုင်ငံ ဖြစ်ပြီး ဂျပန်ဈေးကွက်မှာ ရောင်းရနိုင်ဖို့ မျှော်လင့်ပြီး ၀ယ်ယူတင်သွင်းချင်တာဖြစ်တယ်လို့ ဒီဗွီဘီကို ခုလို ပြောပါတယ်။

Tea picking 5 copy“မြန်မာလက်ဖက်စိုတွေ ဘယ်လောက် ၀ယ်မလဲဆိုတာတော့ ခုချိန်မှာ မပြောတတ်သေး ပါဘူး။  ဒီလုပ်ငန်းဟာ အတော်လေးကို အသစ် ဖြစ်ပါတယ်။ ကျနော်တို့ ဂျပန်တွေအတွက် လက်ဖက် စားတယ်ဆိုတာဟာလည်း အသစ်ပေါ့ဗျာ။ ကျနော်တို့ လက်ဖက်စိမ်းတွေ ပြည်ပကို တင်ပို့ပါတယ်။  ဒါပေမယ့်  ဂျပန်မှာ စားတဲ့လက်ဖက် မရှိပါဘူး။ ဒါဟာ မတူတဲ့ တခြား လုပ်ငန်းတခု ဖြစ်ပါလိမ့်မယ်။ စားတဲ့လက်ဖက်ဆိုတာ ဂျပန်ဈေးကွက်အတွက် သင့်တော်မယ်လို့ ကျနော်ထင်ပါတယ်”လို့ ပြောပါတယ်။

ဒီကုမ္ပဏီဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ ကျော်ကတည်းက တည်ထောင်ခဲ့တာဖြစ်ပြီး အာရှ၊ ဥရောပနဲ့  အမေရိကန်ဒေသက နိုင်ငံတွေကနေ လက်ဖက်နဲ့ ဆေးဖက်ဝင်အပင်တွေကို ၀ယ်ယူတင်သွင်း ပြန်လည်ဖြန့်ချိရောင်းချတဲ့ကုမ္ပဏီ ဖြစ်ပါတယ်။

Tea picking 4 copyဂျပန်ကို မြန်မာ လက်ဖက်တွေ တင်ပို့ရောင်းချ လိုတဲ့ မြန်မာ လုပ်ငန်းရှင်တွေအနေနဲ့ ကုန်ပစ္စည်း အရည် အသွေးကောင်းအောင် လုပ်ဖို့ လိုတယ်လို့ စီးပွားရေးသံမှူး ဦးမင်းဇော်ဦးက အကြံပြုပါတယ်။

“ကိုယ့်နိုင်ငံက ပို့ကုန်အမယ်သစ်အနေနဲ့လည်း ရမည်။  ရမည်ဆိုတော့ ကိုယ်က ထုပ်ပိုးမှုနဲ့ ပစ္စည်းအရည်အသွေးကလည်း ကောင်းကောင်းလေးပေါ့။ အရည်အသွေးဆိုတာ ဆိုးဆေးတွေ မသုံးပဲ တကယ့် အော်ဂင်းနစ် ဖြစ်အောင်။ ဒီဘက်က လိုအပ်ချက်ကို ကိုက်ညီအောင် တွေ့ဆုံဆွေးနွေးမှု လုပ်သွားမယ်ဆိုရင် အဆင်ပြေမှာပါ။ သူတို့လည်း ပိုပြီးတော့ စီးပွားရေးအတွက် အခွင့်အလမ်းကောင်းမယ်လို့ မျှော်လင့်ပါတယ်။”

မြန်မာလက်ဖက်စိုတွေ ဂျပန်ကို တင်ပို့ ရောင်းချလိုတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ဂျပန်နိုင်ငံ တိုကျိုမှာ ရှိတဲ့ မြန်မာသံရုံးကတဆင့် ဒါမှမဟုတ်  ဂျပန်လက်ဖက်စိမ်းကုမ္ပဏီကို တိုက်ရိုက်ဖြစ်ဖြစ် ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013