DVB Logo
Home
မြန်မာသတင်း
မြန်မာ့ရှေးဟောင်းသုတေသနအတွက် အကူအညီများပေးခဲ့သူ ပါမောက္ခ အဲလစ်ဇဘတ်မိုး ကွယ်လွန်
DVB
·
January 14, 2024
မြန်မာ့ရှေးဟောင်းသုတေသနအတွက် အကူအညီများပေးခဲ့သူ ပါမောက္ခ အဲလစ်ဇဘတ်မိုး ကွယ်လွန်
Donate to DVB

မြန်မာ့ယဉ်ကျေးမှုသမိုင်းနဲ့ ရှေးဟောင်းသုတေသနလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တဲ့ လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနဲ့ အာဖရိကပညာသင်ကျောင်းက အသက် ၇၅ နှစ်အရွယ် ရှေးဟောင်းသုတေသနပညာရှင် ဂုဏ်ထူးဆောင်ပါမောက္ခ အဲလစ်ဇဘတ်မိုးဟာ မနေ့က လန်ဒန် စံတော်ချိန် ညနေ ၅ နာရီ မိနစ် ၂၀ မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

ပါမောက္ခ မိုးက လွန်ခဲ့တဲ့ ၁၉၈၉ ကာလများကတည်းက ရှေးဟောင်းသုတေသနဆိုင်ရာ လုပ်ငန်းတွေကို မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ပျူရှေးဟောင်းမြို့တော်တွေနဲ့ ပုဂံယဉ်ကျေးမှုအမွေနှစ်ဒေသကို ကမ္ဘာ့အမွေနှစ်စာရင်း တင်သွင်းရာမှာ အဆိုပြုလွှာအတွက် အဓိကပါဝင်ရေးသားပေးခဲ့ပြီး ဟန်လင်း၊ ဗိဿနိုး၊ သရေခတ္တရာ ပျူမြို့ဟောင်းတွေအပြင် ပုဂံလည်း ကမ္ဘာ့အမွေနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ပါမောက္ခ မိုးဟာ ၁၉၉၉ ခုနှစ်က ရှေးဟောင်းသုတေသနဌာနမှာ ပြင်ပပညာရှင်တွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံ အတိတ်သမိုင်းမှာ ထွန်းကားခဲ့တဲ့ ကြေးခေတ်၊ သံခေတ် ယဉ်ကျေးမှု သုတေသနလုပ်ငန်းတွေကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။

မြန်မာ့ရှေးဟောင်းသုတေသနဆိုင်ရာ ယဉ်ကျေးမှုအမွေနှစ်တွေနဲ့ပတ်သက်ပြီး Wider Bagan, SHWEDAGON Golden Pagoda of Myanmar, Early Landscapes of Myanmar စတဲ့ ထင်ရှားတဲ့စာအုပ်တွေကို ရေးသားထုတ်ဝေခဲ့ပါတယ်။

မြန်မာမျိုးဆက်သစ် ရှေးဟောင်းသုတေသနကျောင်းသားတွေကိုလည်း လန်ဒန်တက္ကသိုလ်နဲ့ ချိတ်ဆက်ပြီး အဆင့်မြင့်ပညာရပ်တွေကို လေ့လာနိုင်ဖို့ အဓိကကူညီပေးခဲ့သူလည်း ဖြစ်ပါတယ်။

ပါမောက္ခ ကွယ်လွန်သွားတဲ့အတွက် မြန်မာရှေးဟောင်းပညာရှင် အသိုင်းအဝိုင်းနဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ကို ချစ်မြတ်နိုးသူတွေကလည်း လူမှုကွန်ရက်စာမျက်နှာ အသီးသီးကနေ ဝမ်းနည်းကြောင်း ရေးသားဖော်ပြကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013