DVB Logo
Home
နိုင်ငံတကာ
ဘိုးအင်း 737 Max 9 လေယာဉ်များ အချိန်အကန့်အသတ်မရှိ ပျံသန်းခွင့် ဆက်ပိတ်ထားမည်
DVB
·
January 14, 2024
ဘိုးအင်း 737 Max 9 လေယာဉ်များ အချိန်အကန့်အသတ်မရှိ ပျံသန်းခွင့် ဆက်ပိတ်ထားမည်
Donate to DVB

ဘိုးအင်း 737 Max 9 လေယာဉ်တွေကို စစ်ဆေးမှုအသစ်တွေ ဆက်လုပ်မှာဖြစ်တဲ့အတွက်  အချိန် အကန့်အသတ်မရှိ ပျံသန်းခွင့် ဆက်ပိတ်ထားမယ်လို့ အမေရိကန် လေကြောင်းပျံသန်းမှု ကွပ်ကဲရေးဦးစီးဌာန (FAA) က ဇန်နဝါရီ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။

ဘိုးအင်း 737 Max 9  လေယာဉ်တစ်စင်းရဲ့ အသေပိတ်ထားတဲ့ တံခါးချပ်ပြားကြီး မောင်းနှင်နေချိန် ပွင့်ထွက်သွားတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမျိုးစားတူ၊ တံခါးတပ်ဆင်ထားပုံတူတဲ့ လေယာဉ်တွေကို ပျံသန်းမှုယာယီရပ်နားခိုင်းထားရာကနေ အခုအခါမှာ အချိန်အကန့်အသတ်မရှိ ရပ်နားခိုင်းလိုက်တာဖြစ်ပါတယ်။

လေယာဉ် တည်ဆောက်မှုနဲ့ ပစ္စည်းပေးသွင်းမှု အဆင့်ဆင့်ကို အသေးစိတ် ထပ်မံစစ်ဆေးသွားမှာဖြစ်သလို နောက်ပိုင်းကျရင် ဘိုးအင်း လေယာဉ်သစ်တွေရဲ့ဘေးကင်းမှု စစ်ဆေးရေးကိုပါ ကိုယ်တိုင်ပေးမစစ်တော့ဘဲ သီးခြားအဖွဲ့တစ်ဖွဲ့က လက်လွှဲယူခိုင်းဖို့ပါ  FAA ကစဉ်းစားနေပါတယ်။

အလားတူ လေယာဉ် ၁၇၁ တစ်စင်းကို ပျံသန်းခွင့်ပိတ်ထားလိုက်ပါတယ်။ အမေရိကန်မှာ ဒီအမျိုးအစားကို သုံးတဲ့ လေကြောင်းလိုင်းနှစ်ခုဖြစ်တဲ့ အလာစကာအဲလိုင်းနဲ့ ယူနိုက်တက် အဲလိုင်းတို့ဟာ ခရီးစဉ်ရာနဲ့ချီပြီး ရပ်ဆိုင်းထားရပါတယ်။

ဒီဖြစ်စဉ်ကြောင့် ဘိုးအင်းကုမ္ပဏီရှယ်ယာစျေးက ထပ်မံကျဆင်းသွားခဲ့ပြီး ဇန်နဝါရီလ ၅ ရက် မတော်တဆဖြစ်စဉ် နောက်ပိုင်း ၁၂ ရာခိုင်နှုန်းနီးပါးအထိ ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

၂၀၁၈ နဲ့ ၂၀၁၉ မှာ  အရင်မျိုးဆက် 737 Max 8 လေယာဉ်ပျက်ကျမှုတွေကြောင့် လူ ၃၄၆ ဦးသေဆုံးမှုဖြစ်ခဲ့ကတည်းက  ဘိုးအင်းအပေါ် ယုံကြည်မှု ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013