DVB Logo
Home
Lead Story
ရန်ကုန်တွင် အိမ်ခန်းငှားခ မြင့်နေမှု ဖြေရှင်းပေးရန် အဆိုတင်
DVB
·
August 26, 2014
ရန်ကုန်တွင် အိမ်ခန်းငှားခ မြင့်နေမှု ဖြေရှင်းပေးရန် အဆိုတင်
1 / 2
Donate to DVB

ရန်ကုန်မှာ မြင့်မားနေတဲ့ အိမ်ခန်းငှားရမ်းခ ဈေးနှုန်းတွေကို ထိန်းချုပ်ဖို့ ရန်ကုန်တိုင်း အစိုးရက ဆောင်ရွက်ပေးဖို့ အဆိုတခုကို သြဂုတ် ၂၅ ရက်နေ့က ကျင်းပတဲ့ တိုင်းလွှတ်တော် အစည်းအဝေးမှာ တင်ပြခဲ့တယ်လို့ ဗဟန်းမြို့နယ်ကိုယ်စားပြု တိုင်းလွှတ်တော်အမတ် ဒေါက်တာညိုညိုသင်းက ပြောပါတယ်။

Yangon_City_Viewအဆိုကိုတော့ ရန်ကင်းမြို့နယ်ကိုယ် စားပြု တိုင်းလွှတ်တော်အမတ် ဦးသောင်းကျော်က တင်သွင်းခဲ့တာ ဖြစ်ပြီး လာမယ့် သြဂုတ် ၂၇ ရက်နေ့ မှာ ဆွေးနွေးကြ ပါလိမ့်မယ်။

တိုင်းအမတ် ဦးကျော်သောင်းက ဒီကနေ့ ရန်ကုန်က လူလတ်တန်းစားတွေဟာ သူတို့ ၀င်ငွေရဲ့ ၃၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိကို အိမ်ခန်းငှားခ မှာ သုံးစွဲနေရတဲ့အကြောင်း၊ တိုင်းဒေသအတွင်းမှာ ကျူးကျော်နေထိုင်သူ များပြားလာခြင်းဟာလည်း အိမ်ခန်းငှားရမ်းခတွေ မြင့်တက်လာတဲ့ ပြဿ နာနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

ဒါကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က သင့်တော်တဲ့ အိမ်ခန်းငှားခတွေ ဖြစ်ပေါ်လာစေရေးအတွက် အဖွဲ့တွေ ဖွဲ့ပြီး ဆောင်ရွက်ပေးဖို့ ဦးကျော်သောင်းက တင်ပြခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013