DVB Logo
Home
မြန်မာသတင်း
အီဘိုလာ​ သံသယလူနာတွေ့ပါက အရေးပေါ် တုံ့ပြန်မည်ဟု အစိုးရ ပြော
DVB
·
August 26, 2014
အီဘိုလာ​ သံသယလူနာတွေ့ပါက အရေးပေါ် တုံ့ပြန်မည်ဟု အစိုးရ ပြော
Donate to DVB

ကူးစက်​မြန်​ အီဘိုလာ​ရောဂါနဲ့ပတ်​သက်​ပြီး သံသယရှိလူနာ​ တွေ့ခဲ့ရင်​ အ​ရေး​ပေါ် အ​ခြေအ​နေသတ်မှတ်ပြီး တုံ့ပြန်သွားမယ်လို့ ရန်​ကုန်​တို​င်းစီမံကိန်းနဲ့ စီးပွား​ရေးဝန်​ကြီးက ဒီ​နေ့ လွှတ်​​တော်အစည်းအ​ဝေးမှာ ​ပြောပါတယ်​။

Ebola Virusဒဂုံမြို့နယ်​ တိုင်းလွှတ်တော်အ မတ် ​ဒေါ်​မေသန်းနွယ်​ရဲ့ ​မေးခွန်းကို ပြန် လည် ​ဖြေကြားခဲ့တာပါ။

"သံသယလူနာ ​တွေ့ခဲ့ရင်​ သတိ​ပေး အ​ခြေအ​နေက​နေ အ​ရေး​ပေါ်အ​ခြေအ​နေလို့ သတ်​မှတ်​ပြီး အ​ရေး​ပေါ် တုံ့​ပြန်​တာ​တွေကို အချိန်​နဲ့ တ​ပြေးညီ လုပ်​​ဆောင်​သွားမှာပါ" လို့ တိုင်းဝန်​ကြီးက ​ပြောပါတယ်​။

ပြည်​တွင်းက အပြည်​ပြည်​ဆိုင်​ရာ ​လေဆိပ်​ ၃ ခုမှာ အဆင့်​မီစက်​​တွေ သုံးပြီး ​စောင့်​ကြပ်​ ကြည့်​ရှု​နေတယ်​လို့လည်း သူက ​ပြောပါတယ်​။

ပြီး​တော့ ကိုယ်​အပူချိန်​ ၃၈ ဒီဂရီ စင်​တီဂရိတ်​ထက်​ ​ကျော်​လွန်​သူ​တွေ ​တွေ့ခဲ့ရင်​ ခရီးသွားရာဇ၀င်​ကို အ​သေးစိတ်​​မေးမြန်းတယ်​လို့လည်း သူက ဆက်​​ပြောပါတယ်​။

ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်​ကုန်​ အပြည်​ပြည်​ဆိုင်​ရာ​လေဆိပ်​မှာ အီဘိုလာရောဂါ သံသယရှိ လူနာတဦးကို ​တွေ့ရှိခဲ့ပြီး အီဘိုလာဗိုင်းရပ်စ်ရောဂါ ရှိ၊ မရှိ စစ်ဆေးနိုင်ဖို့အတွက် ဓာတ်ခွဲ နမူနာတွေကို အိန္ဒိယနိုင်ငံက ဓာတ်ခွဲခန်းဆီ ခုချိန်ထိ ပို့ဆောင်နိုင်ခြင်း မရှိသေးပဲ အပြည်​ပြည်​ဆိုင်​ရာ ​လေ​ကြောင်း​ပျံသန်း​ရေးအဖွဲ့အစည်းနဲ့ ညှိနှိုင်း​နေဆဲ ဖြစ်​ပါတယ်​။

အဲဒီ အီဘိုလာရောဂါ သံသယရှိ လူနာကို ဝေဘာဂီဆေးရုံမှာ စောင့်ကြပ်ဆေးကုပေးနေပြီး အီဘိုလာရောဂါလက္ခဏာ မတွေ့ရပေမယ့် ပြင်းထန်ငှက်ဖျားရောဂါပိုး တွေ့ရှိရတဲ့အတွက် အထူးကုဆရာဝန်တွေက စောင့်ရှောက် ကုသပေးနေကြတာပါ။

ကျန်းမာရေးဝန်ကြီးဌာန ဗဟိုကူး စက်ရောဂါတိုက်ဖျက်ရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ တိုးသိရီအောင်ကို ဒီဗွီဘီက သြဂုတ် ၂၅ ရက်နေ့ မေးမြန်းရာမှာတော့ လူနာရဲ့ကျန်းမာရေး အခြေအနေ ပိုမိုတိုးတက်လာကာ အစာစား လမ်းလျှောက်နေနိုင်ပြီလို့ ပြောပါတယ်။

အနောက်အာဖရိကမှာ ပျံ့နှံ့ခဲ့တဲ့ အီဘိုလာဗိုင်းရပ်စ် အဆိုးရွားဆုံး ကူးစက်မှုအတွင်း လူ ၂၆၁၅ ယောက် ကူးစက်ခံခဲ့ရပြီး လူ ၁၄၂၇ ယောက် သေဆုံးခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတင်းထုတ်ပြန်ထားပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013