DVB Logo
Home
နိုင်ငံတကာ
ပါပူဝါနယူးဂီနီ၌ အရေးပေါ်အခြေအနေ ကြေညာ၊အစိုးရအရာရှိနှင့်ရဲအရာရှိများကို ရာထူးဆိုင်းငံ့
DVB
·
January 13, 2024
ပါပူဝါနယူးဂီနီ၌ အရေးပေါ်အခြေအနေ ကြေညာ၊အစိုးရအရာရှိနှင့်ရဲအရာရှိများကို ရာထူးဆိုင်းငံ့
Donate to DVB

ပစိဖိတ်ကျွန်းနိုင်ငံဖြစ်တဲ့ ပါပူဝါနယူးဂီနီနိုင်ငံမှာ ရုန်းရင်းဆန်ခတ်မှုတွေကြောင့် လူ ၁၆ ယောက် သေဆုံးခဲ့ပြီးနောက် ဝန်ကြီးချုပ် ဂျိမ်းစ်မာရာပီဟာ ဇန်နဝါရီ ၁၁ ရက်က နိုင်ငံကို အရေးပေါ် အခြေအနေ ကြေညာလိုက်ပြီး အစိုးရအရာရှိတွေနဲ့ ရဲအရာရှိတွေကိုလည်း ရာထူးတာဝန် ဆိုင်းငံ့ထားလိုက်ပါတယ်။ 

“နိုင်ငံရဲ့ မြို့တော်မှာ ၁၄ ရက်ကြာ အရေးပေါ်အခြေအနေ ကြေညာလိုက်တာဖြစ်ပြီး လာမယ့် ၁၄ ရက်အတွင်း နိုင်ငံတော် အရေးပေါ်ဥပဒေနဲ့အညီ ဝင်ရောက်လုပ်ကိုင်နိုင်ဖို့ ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ထောင်ကျော်ဟာ အသင့်အနေအထားနဲ့ အဆင်သင့်ရှိနေကြောင်းနဲ့ လိုအပ်သမျှကို ထိန်းထားဖို့နဲ့ အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေကို ပါ၀င်ဆောင်ရွက်ဖို့ အဆင်သင့် ရှိနေပါတယ်”လို့လည်း ဝန်ကြီးချုပ် ဂျိမ်းစ်မာရာပီက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

အဓိကရုဏ်းဖြစ်စေတဲ့ အကြောင်းရင်းကို အစိုးရက ပြန်လည်သုံးသပ်နေချိန်အတွင်း ပါပူဝါနယူးဂီနီရဲ့ ရဲချုပ်နဲ့ ဘဏ္ဍာရေးနဲ့ ငွေကြေးဌာနတွေမှ ထိပ်တန်းဗျူရိုကရက် အရာရှိတွေကို ရာထူးမှ ဆိုင်းငံ့ထားတာဖြစ်ကြောင်းလည်း ဝန်ကြီးချုပ် မာရာပီက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

အရေးပေါ်အခြေအနေကို ဒုတိယရဲမင်းကြီးကနေ ယာယီရဲမင်းကြီး ဖြစ်လာတဲ့ ဒေါ်နယ်လ် ယာမာဆွမ်ဘီက ကြီးကြပ်သွားမှာ ဖြစ်ပါတယ်။ 

“ယေဘူယျအားဖြင့် ရဲတွေက စိုးရိမ်စရာ အကြောင်းရင်းခံတွေ ဖြစ်နေပေမယ့် သူတို့ဟာ အခင်းဖြစ်ပွားရာနောက်ကွယ်က လူတွေကို ဆူပူအုံကြွမှုဖြစ်အောင် စီစဉ်ပြီး ဖြစ်စဉ်တစ်ခုလုံးကို စတင်ခဲ့တာ”လို့လည်း သူက ဆိုပါတယ်။ 

အဲဒီအဖွဲ့အစည်းက ဘယ်ကပေါ်လာပြီး ဘယ်က ပံ့ပိုးကူညီမှုတွေ ရလာသလဲ ဆိုတာကို ဆန်းစစ် သွားမှာဖြစ်ပြီး ဒီနှစ်ခုစလုံးမှာ အုပ်ချုပ်ရေးပိုင်းအပြင် ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ အပြည့်အ၀ ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

အခုလိုမျိုး ထပ်မဖြစ်စေဖို့ အာမခံပြီး ဒီ့ထက် အရေးကြီးတာကတော့ ဒီမိုကရေစီကို လုံခြုံစေပြီး တရားဥပဒေစိုးမိုးရေးကို အာမခံတယ် လို့လည်း မာရာပီက ပြောသွားပါတယ်။ 

လစာငွေ ဖြတ်တောက်ခံရမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့နဲ့ အစိုးရဝန်ထမ်းတွေရဲ့ ဇန်န၀ါရီ ၁၀ ရက် ဆန္ဒပြပွဲတွေကနေ ဥပဒေမဲ့ ပရမ်းပတာ အခြေအနေတွေ ဖြစ်သွားခဲ့တာပါ။ 

ရုပ်မြင်သံကြား မှတ်တမ်းတွေမှာ မြို့တော် ပေါ့ထ်မောစ်ဘီရဲ့ လမ်းတွေပေါ်မှာ ထောင်နဲ့ချီတဲ့ လူတွေဟာ မီးခိုးလုံးမည်းမည်းတွေ ထွက်နေတဲ့ မြို့တော်ထဲမှာ လုယက်ယူဆောင်လာတဲ့ ပစ္စည်းတွေကို သယ်ဆောင် သွားလာနေကြတာကို မြင်တွေ့ရပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013