
ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယားဟာ ရခိုင်ပြည်နယ်ထဲက ဒေသခံတွေကို အကူအညီပေးရေးအခြေအနေတွေနဲ့ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ အကြမ်းဖက်မှုတွေအပေါ် အရေးယူဆောင်ရွက်မှု အခြေအနေတွေကို လေ့လာပြီးနောက် မြန်မာပြည်ခရီးစဉ်ကို အဆုံးသတ်လိုက်ပါတယ်။
[caption id="attachment_63367" align="alignleft" width="300"]
မစ္စတာ ဗီဂျေနမ်ဘီးယား[/caption]
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နမ်ဘီးယားဟာ သူ့ရဲ့ ၈ ကြိမ်မြောက် မြန် မာပြည် ခရီးစဉ်အတွင်း အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ငြိမ်းချမ်းရေးဆွေးနွေး ပွဲကို လည်း လေ့လာသူ အဖြစ် ပါဝင် တက်ရောက်ခဲ့ပါတယ်။
ငြိမ်းချမ်းပြီး စည်းလုံးညီညွတ်တဲ့ မြန်မာနိုင်ငံဖြစ်ဖို့ဆိုတဲ့ အားလုံးရဲ့ ဘုံအကျိုးစီးပွားအတွက် ကျဉ်းမြောင်းတဲ့အလုပ်တွေကို ဘေးဖယ်ထားပြီး ယုံကြည်မှုရှိကြဖို့ ပါဝင်ပတ်သက်သူအားလုံးကို မစ္စတာနမ်ဘီးယားက အတွင်းရေးမှူးချုပ်ကိုယ်စား တောင်း ဆိုခဲ့တယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖန်ဒူဂျာရစ် က ပြောပါတယ်။
ဒီခရီးစဉ်အတွင်း မြန်မာသမ္မတနဲ့သာမက နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒီဖြစ်စဉ်တွေမှာ ကုလသမဂ္ဂက အကူအညီပေးမယ့် ကိစ္စတွေ ပြောဆိုဆွေးနွေးခဲ့တယ်လို့ ကုလသမဂ္ဂ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။











