DVB Logo
Home
မြန်မာသတင်း
ကုမ္ပဏီ ၁ သောင်းကျော် ၀င်ငွေခွန်ကြေညာလွှာတင်သွင်း
DVB
·
August 26, 2014
ကုမ္ပဏီ ၁ သောင်းကျော် ၀င်ငွေခွန်ကြေညာလွှာတင်သွင်း
Donate to DVB

ပြည်တွင်းမှာ မှတ်ပုံတင်ထားရှိတဲ့ ကုမ္ပဏီအရေအတွက်က နှစ်သောင်းကျော်ရှိတဲ့အနက် ၁ သောင်းကျော်သာ ၀င်ငွေခွန်ကြေညာလွှာ တင်သွင်းထားတယ်လို့ ကုမ္ပဏီများဆိုင်ရာ အခွန်ရုံး အဆင့်မြင့်အရာရှိက ပြောပါတယ်။

tax-p၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွက် ၀င်ငွေခွန်ကြေညာလွှာတွေကို အခုနှစ် ဇွန်လ ၃၀ ရက်နောက်ဆုံးထားပြီး တင်သွင်းကြဖို့ ပြည်တွင်းအခွန်ဦးစီးဌာနက တရားဝင်သတ်မှတ်ထားပြီးဖြစ်ပါတယ်။

ဒါပေမယ့် တချို့ကုမ္ပဏီတွေအနေနဲ့ ၀င်ငွေခွန်ကြေညာလွှာတင်သွင်းဖို့အတွက် အခုအချိန်အထိ အကြောင်းကြားခြင်းမရှိသေးတာကြောင့် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေးဘုတ်အဖွဲ့က နိုင်ငံပိုင်သတင်းစာတွေကတဆင့် ဆော်သြနေတာပါ။

ဒါကြောင့် တရားဝင်သတ်မှတ်ထားတဲ့ ကာလကျော်ပြီး ၂ လတာကာလအထိ ၀င်ငွေခွန် ကြေညာလွှာ တင်သွင်းနေဆဲ ကုမ္ပဏီတွေလဲ ရှိနေတုန်းပဲ လို့ ကုမ္ပဏီများဆိုင်ရာအခွန်ရုံးက ဒုတိယညွှန်ကြားရေးမှုး ဦးသင်းထွဋ်ဟန်က ဒီဗွီဘီကို ပြောပါတယ်။

သတ်မှတ်ရက်အမီ ၀င်ငွေခွန် ကြေညာလွှာ တင်သွင်းနိုင်ခြင်း မရှိတဲ့ကုမ္ပဏီတွေကို အခွန်ဌာနက ပြစ်ဒဏ်အနေနဲ့ အရေးယူမှုတွေ ရှိတာကြောင့် ကုမ္ပဏီလုပ်ငန်းကြီးတွေဘက်က သတ်မှတ်ချိန်အမီ တင်သွင်းမှုရှိတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က ရန်ကုန်တိုင်းဒေသကြီးတခုတည်းကနေ အခွန်ကောက်ခံရရှိမှုက ကျပ် ၇၁၀ ဘီလီယံရှိခဲ့တယ်လို့ သိရပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013