
သြဂုတ် ၂၅ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ကြားပွဲစဉ်မှာ မန်စီးတီးက လီဗာပူးကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
မန်စီးတီးအတွက် အနိုင်ဂိုးတွေကို ဂျိုဗက်တစ်က ၄၁ မိနစ်နဲ့ ၅၅ မိနစ်မှာ ၂ ဂိုးနဲ့ အက်ဂွာရိုက ၆၅ မိနစ်မှာ ၁ ဂိုး သွင်းယူပြီး လီဗာပူးအ တွက် ချေပဂိုးတဂိုးကို ၈၃ မိနစ်လောက်မှာ ဇာဘက်လက်တာက သွင်းယူပါတယ်။
ဒီပွဲမှာ နှစ်သင်းစလုံး အဓိက ကစားသမားတွေနဲ့ လူစုံထုတ် ယှဉ်ပြိုင်သွားပြီး ချန်ပီယံ မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှု အသာစီး ယူနိုင်ခဲ့သလို ဂျိုဗက်တစ်လည်း ခြေစွမ်းပြနိုင်ခဲ့ ပါတယ်။
ဒီပွဲနိုင်လိုက်လို့ စီးတီးက ၂ ပွဲကစား ၆ မှတ်နဲ့ ဇယားထိပ်က အသင်းတွေနဲ့ အမှတ်တူပြီး အဆင့် ၃ မှာ ရပ်တည်နေပါတယ်။ လီဗာပူးကတော့ ၃ မှတ်နဲ့ အဆင့် ၉ မှာ ရှိနေပါတယ်။











