DVB Logo
Home
နိုင်ငံတကာ
အကျဉ်းကျခံ ဝန်ကြီးဟောင်းများ လွတ်မြောက်ရေး လုပ်ဆောင်မည်ဟု ပိုလန်သမ္မတပြော
DVB
·
January 11, 2024
အကျဉ်းကျခံ ဝန်ကြီးဟောင်းများ လွတ်မြောက်ရေး လုပ်ဆောင်မည်ဟု ပိုလန်သမ္မတပြော
Donate to DVB

ပိုလန်ပြည်ထဲရေးဝန်ကြီးဟောင်း မာရီယိုရှ် ကာမင်စကီနဲ့ ဒုဝန်ကြီးဟောင်း မာဂျေဝါရှစ်ခ်တို့ ဖမ်းဆီးခံရမှုအပေါ် အလွန်တုန်လှုပ်မိကြောင်း ပိုလန်သမ္မတ အန်ဒ်ဂျေးဒူဒါက ဇန်နဝါရီ ၁၀ ရက်မှာ ပြောကြားလိုက်ပြီး ဝန်ကြီးဟောင်းတွေ လွတ်မြောက်အောင် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ရဲတွေဟာ ဇန်နဝါရီ ၉ ရက်က ပိုလန်သမ္မတအိမ်တော်ထဲကို ဝင်ရောက်လာပြီး ပြည်ထဲရေးဝန်ကြီးဟောင်း ကာမင်စကီနဲ့ ဒုဝန်ကြီးဟောင်း ဝါရှစ်ခ် တို့ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အခုဖြစ်ရပ်ဟာ ဝန်ကြီးချုပ်သစ် ဒေါ်နယ်လ် တပ်စ်ခ်က သူ့ရဲ့ ရှေ့အစဉ်အဆက်က အမျိုးသားရေးဥပဒေနဲ့ တရားမျှတမှု (PiS) ပါတီမှ ခေါင်းဆောင်တွေရဲ့ မူဝါဒတွေကို ပြန်ဖျက်သိမ်းပြီးတော့ သူတို့ရာထူးအာဏာရချိန်အတွင်း အပြစ်ကျူးလွန်ကြောင်း စွပ်စွဲခံရသူတွေကို အပြစ်ပေးစီရင်ဖို့ ကြိုးပမ်းအားထုတ်မှုတရပ်လည်း ဖြစ်ပါတယ်။

ပြစ်မှုမကျူးလွန်ထားကြောင်း ငြင်းဆိုခဲ့တဲ့အပြင် ၂၀၁၅ ခုနှစ်က သမ္မတ ဒူဒါကနေ လွတ်ငြိမ်းချမ်းသာခွင့် ပေးထားတဲ့ ပြည်ထဲရေးဝန်ကြီးဟောင်း ကာမင်စကီက သူဟာ နိုင်ငံရေးအကျဉ်းသားအဖြစ် အစာငတ်ခံဆန္ဒပြမှုကို စတင်လိုက်ပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

သမ္မတ ဒူဒါဟာ ၂၀၁၅ ခုနှစ်တုန်းက သူ့ရဲ့ အစိုးရအဖွဲ့ဝင်ဟောင်းတွေကို သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးထားခဲ့ပြီးတာတောင် ခုလို အလွတ်မပေး ရက်ရက်စက်စက် ဖမ်းဆီးသွားတဲ့ ဒီအခြေအနေကြောင့် အရမ်းတုန်လှုပ်မိတယ်လို့ ပြောပါတယ်။

သူ့အနေနဲ့ ၂၀၁၅ နဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွေမှာ မဲဆန္ဒရှင်တွေကို ကတိပေးထားတဲ့အတိုင်း ရိုးသားပြီး တရားမျှတတဲ့ ပိုလန်နိုင်ငံအတွက် တိုက်ပွဲဝင်မှုကို ရပ်နားသွားမှာမဟုတ်ဘဲ ဝန်ကြီး မာရီယိုရှ် ကာမင်စကီနဲ့ သူ့ရဲ့ အပေါင်းအပါတွေ၊ ထောင်ကနေ လွတ်သင့်လွတ်ထိုက်သူတွေ ပြန်လွတ်မြောက်လာချိန်အထိ အနားယူမှာ မဟုတ်ဘူးလို့ ကတိပြု ပြောကြားခဲ့ပါတယ်။

သူဟာ ၂၀၁၅ ခုနှစ်တုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ သက်ရောက်မှု အပြည့်အဝရှိတဲ့ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးထားမှုကို အပြည့်အဝ ရပ်တည်ထားကြောင်းနဲ့ မကြာသေးခင်က ရွေးကောက်ပွဲမှာ အနိုင်ရပြီး ရွေးချယ်ခံရတဲ့ ပါလီမန်အမတ်တွေနဲ့ ဝန်ကြီးတွေအနေနဲ့ သူတို့ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို ထိန်းထိန်းသိမ်းသိမ်း ရှိကြဖို့နဲ့ တခြားသူတွေရဲ့ လုပ်ပိုင်ခွင့်တွေကို ရုပ်သိမ်းဖို့ ကြိုးပမ်းမှုမှန်သမျှဟာ တရားမဝင်ဘူးလို့ ဆိုလိုကြောင်းလည်း သမ္မတ ဒူဒါက ပြောပါတယ်။

PiS ပါတီဟာ သူတို့ရဲ့ အာဏာရ ၈ နှစ်တာကာလအတွင်း တရားဥပဒေစိုးမိုးရေးကို နှောင့်ယှက်တယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဝန်ကြီးချုပ်သစ် တပ်စ်ခ်ရဲ့ ဥရောပလိုလားတဲ့ ညွန့်ပေါင်းအဖွဲ့ဟာ ပိုလန်နိုင်ငံကို အီးယူရဲ့ ဒီမိုကရက်တစ် စည်းမျဉ်းတွေနဲ့အညီ ပြန်ဖြစ်ဖို့နဲ့ PiS ပါတီရဲ့ မဟာမိတ် သမ္မတ အန်ဒ်ဂျေး ဒူဒါကို ဆန့်ကျင်ပြီး ယူရိုဘီလီယံ ဆယ်နဲ့ချီတဲ့ ရန်ပုံငွေတွေ လမ်းပြန်ပွင့်ဖို့အတွက် ကိုင်တွယ်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013