DVB Logo
Home
အားကစား
နည်းပြအဖြစ် မြက်ခင်းစိမ်းဆီ ပြန်လာမည်ဟု ပီကေး ပြော
DVB
·
January 11, 2024
နည်းပြအဖြစ် မြက်ခင်းစိမ်းဆီ ပြန်လာမည်ဟု ပီကေး ပြော
Donate to DVB

နည်းပြတယောက်အနေနဲ့ မြက်ခင်းစိမ်းပေါ်မှာ ပြန်လာတော့မှာဖြစ်ကြောင်း စပိန်နောက်ခံလူဟောင်း ဂျရတ်ပီကေးက ပြောသွားပါတယ်။

အသက် ၃၆ နှစ်ရှိ ဘာစီလိုနာ နောက်ခံလူဟောင်းဟာ ကစားသမားဘ၀ကနေ အနားယူခဲ့ပြီးနောက် ၁၄ လအကြာမှာ ဘောလုံးလောကထဲကို ပြန်ဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

အသေအချာ ဆုံးဖြတ်ချက်တစ်ခု ချအပြီးမှာ ဘောလုံးလောကထဲ ပြန်လာဖို့ ဆုံးဖြတ်ခဲ့ကြောင်း၊ နည်းပြတစ်ဦးအနေနဲ့ ပြန်လာမှာဖြစ်ပြီး အသေးစိတ်ကို ထပ်ပြီးထုတ်ပြန်ပေးသွားမှာဖြစ်ကြောင်း ပီကေးက ဆိုရှယ်မီဒီယာကနေ ကြေညာခဲ့တာပါ။

ပီကေးဟာ ဘာစီလိုနာအသင်းနဲ့ နောက်ဆုံးပွဲကစားအပြီးမှာ အသင်းဆီပြန်လာမှာ ဖြစ်ကြောင်း ပြောခဲ့ဖူးပါတယ်။

သူ့အနေနဲ့ ဘာစီလိုနာ လူငယ်အသင်းတစ်သင်းကို စတင်တာဝန်ယူဖို့ရှိတယ်လို့ ခန့်မှန်း သုံးသပ်ကြပါတယ်။ 

Photo - REUTERS/Albert Gea

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013