DVB Logo
Home
မြန်မာသတင်း
နိုင်ငံသားဖြစ်ခွင့်နှင့် မကိုက်ညီသူများကိစ္စ ကုလသမဂ္ဂကို ရခိုင်အဖွဲ့များ တင်ပြ
DVB
·
August 25, 2014
နိုင်ငံသားဖြစ်ခွင့်နှင့် မကိုက်ညီသူများကိစ္စ ကုလသမဂ္ဂကို ရခိုင်အဖွဲ့များ တင်ပြ
Donate to DVB

၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်ခွင့်ဥပဒေနဲ့ မကိုက်ညီတဲ့သူတွေကို ကုလသမဂ္ဂက တာဝန်ယူဖြေရှင်းပေးမယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်  အထူးကိုယ်စားလှယ် နမ်ဘီးယားနဲ့ ဆွေးနွေးခဲ့တယ်လို့ ရခိုင်လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။

သြဂုတ် ၂၄ ရက်နေ့ ညနေပိုင်းက စစ်တွေဟိုတယ်မှာ မစ္စတာ နမ်ဘီးယားနဲ့ ၀ံလက်ဖောင်ဒေးရှင်း၊ ရခိုင် လူ့အခွင့်အရေးအဖွဲ့တွေ အလွတ်သဘော ဆွေးနွေးခဲ့တယ်လို့ ၀ံလက်ဖောင်ဒေးရှင်းက ညွှန်ကြားရေးမှူး ခိုင်ကောင်းဇံက ပြောပါတယ်။

[caption id="attachment_63341" align="alignright" width="300"]ဗီဂျေနမ်ဘီးယား ဗီဂျေနမ်ဘီးယား[/caption]

ရခိုင်ပြည်နယ် မြေပုံမြို့ နယ်မှာ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေနဲ့ ကိုက်ညီတဲ့ ဘင်္ဂါလီတွေ ကို နိုင်ငံ သား ဖြစ်ခွင့်ပေးဖို့ စိစစ်လုပ်ဆောင်နေပြီး ဥပဒေ အရ နိုင်ငံ သားဖြစ်လာတဲ့ သူတွေကို ရခိုင် ဒေသခံတွေက လက်ခံ မှာ ဖြစ်ကြောင်းနဲ့ ကျန်တဲ့သူတွေကို ကုလသမဂ္ဂက တာဝန် ယူဆောင်ရွက်ပေးမယ့် အခြေ အနေတွေ ကို ဆွေးနွေးခဲ့တယ်လို့  ဆိုပါတယ်။

ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ရခိုင်လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO) က အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်မင်းဦးကတော့ လူ့အဖွဲ့အစည်း ၂ ခုကို အကူအညီပေးရာမှာ မျှမျှတတ ပေးဖို့နဲ့ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂနဲ့ တွေ့ဆုံတိုင်း ရခိုင်တွေရဲ့ ဆန္ဒကိုသာ မေးခွန်းထုတ်သလို တခြား လူ့အဖွဲ့အစည်းရဲ့ ဆန္ဒတွေကိုလည်း ရခိုင်တွေက သိရှိမှာသာ ပြဿသ  နာအတွက် အဖြေရှာနိုင်မှာ ဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

လူ့အဖွဲ့အစည်း ၂ ခုကို အကူအညီပေးရာမှာ မျှမျှတတပေးဖို့နဲ့ တခြားလူ့အဖွဲ့အစည်းမှာလည်း အကူအညီတွေ ပေးတဲ့အခါမှာ လိုအပ်တဲ့သူတွေဆီ မရောက်ဘဲ ဘာသာရေး ခေါင်းဆောင်တွေ ဆီကို ရောက်သွားတဲ့ ဖြစ်ရပ်တွေကိုလည်း တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

ဗီဂျေနမ်ဘီးယားဟာ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း စစ်တွေ မြို့မြို့ဖတွေနဲ့လည်း တွေ့ဆုံခဲ့သလို ရခိုင်နဲ့ မွတ်စလင် ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013