DVB Logo
Home
နိုင်ငံတကာ
ဂျပန်ငလျင်ကြောင့် သေဆုံးသူ ၂၀၀ ကျော်ထိ မြင့်တက်
DVB
·
January 10, 2024
ဂျပန်ငလျင်ကြောင့် သေဆုံးသူ ၂၀၀ ကျော်ထိ မြင့်တက်
Donate to DVB

ဂျပန်နိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းက နိုတိုကျွန်းဆွယ်မှာ ပြင်းအား ၇ ဒသမ ၆ ရှိတဲ့ အင်အားပြင် ငလျင်လှုပ်လို့ သေဆုံးသူဦးရေဟာ ဇန်နဝါရီ ၁၀ ရက်မှာ အယောက် ၂၀၀ ကျော်သွားပြီလို့ ဂျပန်သတင်းဌာနတွေက  ထုတ်ပြန်ပါတယ်။

ပျောက်ဆုံးနေသူ အယောက် ၁၀၀ ကျော်ကို ရှာနေပေမဲ့ ရာသီဥတုက ရှာဖွေရေးလုပ်ငန်းကို ဟန့်တားနေတယ်လို့ ဂျပန်ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။

ပြိုကျနေတဲ့ အဆောက်အဦ အပျက်အစီးတွေကို ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးလုပ်သားတွေက ရှာဖွေခဲ့ကြပါတယ်။

ဝါဂျိမာ့မြို့မှာ အမြင့်ဆုံးအပူချိန် ၄ ဒီဂရီစင်တီဂရိတ်အထိ အေးမှာဖြစ်ပြီး မိုးသည်းထန်မယ်လို့ ခန့်မှန်းထားကြပါတယ်။

အစိုးရက ဂျပန်ကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင် ၆,၃၀၀ ကို ငလျင်ဒဏ်သင့်ဒေသတွေဆီ စေလွှတ်ထားပြီး ငလျင်ဒဏ်ပြင်းထန်တဲ့ ဒေသတွေမှာ အကြီးစားရှာဖွေရေး စစ်ဆင်ရေးကို ဇန်နဝါရီ ၉ ရက်မှာ စခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဗုဒ္ဓဟူးနေ့ မနက်အထိ လူပေါင်း ၂၀၃ ဦး သေဆုံးခဲ့ပြီး ၆၈ ဦး ပျောက်နေတုန်းပဲလို့ အီရှိကာဝါ စီရင်စု ဒေသန္တရအစိုးရက ပြောပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013