DVB Logo
Home
နိုင်ငံတကာ
ရပ်ဆိုင်းခံထားရသည့် ဘိုးအင်း 737 Max 9 လေယာဉ်အများအပြား မူလီချောင်နေ
DVB
·
January 9, 2024
ရပ်ဆိုင်းခံထားရသည့် ဘိုးအင်း 737 Max 9 လေယာဉ်အများအပြား မူလီချောင်နေ
Donate to DVB

ရပ်နားထားတဲ့ ဘိုးအင်း 737 Max 9 လေယာဉ်အများအပြားမှာ မူလီချောင်နေတာ တွေ့ရတယ်လို့ ယူနိုက်တက်အဲလိုင်းက ဇန်နဝါရီ ၈ ရက်က ထုတ်ပြန်ခဲ့အပြီးမှာတော့ ဘိုးအင်းကုမ္ပဏီရဲ့ အရောင်းရဆုံး ဂျက်လေယာဉ်အမျိုးအစားနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ပိုမိုမြင့်တက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က အော်ရီဂွန်ပြည်နယ်က ထွက်ခွာလာတဲ့ Max 9 လေယာဉ်တစင်း ပျံသန်းနေစဉ် ကိုယ်ထည်က အသေပိတ်ထားတဲ့ တံခါးချပ်ကြီး ပွင့်ထွက်သွားလို့ အရေးပေါ် ဆင်းသက်ခဲ့ရအပြီးမှာ Max9 လေယာဉ် ၁၇၁ စီးကို အမေရိကန် လေကြောင်းကွပ်ကဲရေးက ပျံသန်းမှု ရပ်ဆိုင်းထားပါတယ်။

ကနဦးစစ်ဆေးမှုတွေမှာ အသေပိတ်ထားတဲ့ တံခါးချပ် တော်တော်များများမှာ မူလီတွေ ချောင်နေတာ တွေ့တယ်လို့ Max 9 ကို သုံးစွဲတဲ့ အမေရိကန်လေကြောင်းလိုင်း နှစ်ခုတည်းက တခုဖြစ်တဲ့ ယူနိုက်တက်အဲလိုင်းက ထုတ်ပြန်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိတဲ့ သတင်းရင်းမြစ်ရဲ့ ပြောကြားချက်အရ အခုလို မူလီချောင်တာ ၁၀ စင်းတောင် တွေ့ရတယ်လို့ သိရပါတယ်။

ဘိုးအင်းရဲ့ 787 Max မှာ ခုံပိုထည့်တဲ့ ယာဉ်လိုင်းတွေအတွက် အရေးပေါ်ထွက်ပေါက်အပို ထည့်ပေးထားပါတယ်။ ပုံမှန်ခုံအရေအတွက်ပဲ တပ်ဆင်ထားရင်တော့ အဲဒီထွက်ပေါက်အပိုကို တံခါးပလတ်လို့ခေါ်တဲ့ ချပ်ပြားနဲ့ အသေပိတ်လိုက်လေ့ ရှိပါတယ်။

အခုပြဿနာတက်နေတာက အဲဒီလို အသေပိတ်ထားတဲ့ တံခါးချပ်တွေ မခိုင်ခံ့တာဖြစ်ပြီး သောကြာနေ့က ဖြစ်စဉ်မှာလည်း အဲဒီအချပ်ပြားကြီး ပွင့်ထွက်လာတာ ဖြစ်ပါတယ်။

အဲဒီ အသေပိတ်တဲ့ တံခါးချပ်ပြားကို တပ်ဆင်တာက နှစ်ဆင့်ဖြစ်ပြီး ပထမအဆင့်မှာ Spirit AeroSystems က ဆင်ပေးရတာဖြစ်ပြီး ပြီးမှ ဘိုးအင်းဘက်က အပြီးသတ်တာလို့ ဆိုပါတယ်။

ဒီဖြစ်စဉ်ကြောင့် ဘိုးအင်းကုမ္ပဏီရဲ့ ရှယ်ယာစျေး‌တွေ ၈ ရာခိုင်နှုန်းလောက် ကျသွားပြီး Spirit ကုမ္ပဏီရှယ်ယာစျေးကတော့ ၁၁ ရာခိုင်နှုန်းလောက် ကျသွားပါတယ်။

ပြုတ်ကျသွားတဲ့ တံခါးချပ်ကြီးဟာ ပို့တ်လန်းက ကျောင်းဆရာတယောက်ရဲ့ နေအိမ်နောက်ဘေးခြံဝင်းထဲ ပြုတ်ကျခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013