DVB Logo
Home
နိုင်ငံတကာ
Evergrande တရုတ်လျှပ်စစ်ကားကုမ္ပဏီ ဒုဥက္ကဋ္ဌ ဖမ်းဆီးစစ်ဆေးခံရ
DVB
·
January 9, 2024
Evergrande တရုတ်လျှပ်စစ်ကားကုမ္ပဏီ ဒုဥက္ကဋ္ဌ ဖမ်းဆီးစစ်ဆေးခံရ
Donate to DVB

တရုတ်နိုင်ငံက လျှပ်စစ်ကားထုတ်လုပ်တဲ့  China Evergrande New Energy Vehicle Group ကုမ္ပဏီအုပ်စုရဲ့ ဒုဥက္ကဋ္ဌ လူယောင်ကျိုးဟာ ဖမ်းဆီးခံထားရပြီး ရာဇဝတ်မှုနဲ့ စုံစမ်းစစ်ဆေးခံနေရတယ်လို့ သူ့ရဲ့ ကုမ္ပဏီက  ဇန်နဝါရီ ၈ ရက်မှာ ကြေညာပါတယ်။

လူယောင်ကျိုးကို “တရားမဝင် ရာဇဝတ်မှု” သံသယနဲ့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပြောပေမဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ဒီလုပ်ငန်းစုဟာ အိမ်ခြံမြေ လုပ်ငန်းကိုလည်း လုပ်ကိုင်ပြီး လျှပ်စစ်ကားထုတ်လုပ်ရေး လုပ်ငန်းခွဲကိုလည်း ပိုင်ဆိုင်ထားတာပါ။

ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဖမ်းဆီးစစ်ဆေးခံနေရကြောင်း ကြေညာချက်ထုတ်ပြန်အပြီး မနက်ပိုင်း စတော့အရောင်းအဝယ်ကနေ လုပ်ငန်းစုရဲ့ စတော့ရောင်းချတာကို ဆိုင်းငံ့ထားပါတယ်။

ဒါပေမဲ့ စတော့ရှယ်ယာတွေဟာ ဟောင်ကောင်ဒေါ်လာ ၀ ဒသမ ၃၂ အထိ ကျဆင်းခဲ့ပြီး နောက်ပိုင်းမှာ ပြန်တက်လာခဲ့တဲ့အတွက် နောက်ဆုံးမှာ စတော့တန်ဖိုး ၁ ဒသမ ၂ ရာခိုင်နှုန်းသာ ကျဆင်းခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ အကြွေးအများဆုံး အိမ်ခြံမြေလုပ်ငန်းရှင် Evergrande လုပ်ငန်းစုကို တည်ထောင်သူနဲ့ ဥက္ကဋ္ဌဖြစ်သူ ဟွေခါးယံဟာလည်း သံသယတွေအတွက် စုံစမ်းစစ်ဆေးခံနေရတယ်လို့ စက်တင်ဘာလနှောင်းပိုင်းမှာ အမှုတွဲတခုက ဆိုထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013