DVB Logo
Home
နိုင်ငံတကာ
၈၁ ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲ ပုံရိပ်များ (ဓာတ်ပုံ)
DVB
·
January 9, 2024
၈၁ ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲ ပုံရိပ်များ (ဓာတ်ပုံ)
Donate to DVB

ဟောလိဝုဒ်ရုပ်ရှင်လောကရဲ့ နာမည်ကြီး ရုပ်ရှင်ထူးချွန်ဆုပေးပွဲတခုဖြစ်တဲ့ ရွှေကမ္ဘာလုံး ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီ ၇ ရက်က အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဘီဗာလီဟေးလ်စ်မြို့မှာ ကျင်းပခဲ့ပါတယ်။

ဒီဆုပေးပွဲအခမ်းအနားကိုတော့ အခုနှစ်ရဲ့ ဆန်ခါတင် ဟောလိဝုဒ်အကျော်အမော် အနုပညာရှင်တွေ အများအပြား တက်ရောက်လာခဲ့ကြတာပါ။

ရုံတင်ပြသချိန်ကတည်းက နာမည်ကြီးခဲ့တဲ့ Oppenheimer ရုပ်ရှင်ကတော့ အခုနှစ်ရဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ဆု ၅ ဆုနဲ့ ဆုအများဆုံးသိမ်းပိုက်သွားပါတယ်။

ဒီကားကတော့ ဒုတိယကမ္ဘာစစ်ကာလက အဏုမြူဗုံးတည်ဆောက်ရေးပရောဂျက်ရဲ့ အဓိကတာဝန်ရှိသူ J. Robert Oppenheimer အကြောင်း အမေရိကန် စာရေးဆရာ ခိုင်ဘာ့ဒ်က ရေးသားခဲ့တဲ့ American Prometheus အတ္ထုပ္ပတ္တိကို ရုပ်ရှင်အနေနဲ့ နာမည်ကျော် ဒါရိုက်တာ ခရစ္စတိုဖာ နိုလန်က ပုံဖော်ရိုက်ကူးထားခဲ့တာပါ။

အခုနှစ်ရဲ့ ၈၁ ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲမှာတော့ Oppenheimer ရုပ်ရှင်က ဆန်ခါတင်ဆု ၈ ဆုနဲ့ ပါဝင်ခဲ့တာဖြစ်ကာ အကောင်းဆုံး ဒရာမာ ရုပ်ရှင်ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ သရုပ်ဆောင်မင်းသား ဆီလီယမ် မော်ဖီက အဓိက ဇာတ်ဆောင် မင်းသားဆု၊ ရောဘတ်ဒေါင်နီ ဂျူနီယာက ဇာတ်ပို့မင်းသားဆုတွေအပါအဝင် ဆု ၅ ဆု ထိ ရရှိသွားခဲ့ပါတယ်။

အကောင်းဆုံး သရုပ်ဆောင်မင်းသမီး ဒရာမာဆုကိုတော့ သရုပ်ဆောင်မင်းသမီး လီလီဂလက်ဒ် စတုန်းက Killers of the Flower Moon ရုပ်ရှင်နဲ့ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဂီတဇာတ်မြူးအမျိုးအစားအတွက်မှာတော့ Poor Things ရုပ်ရှင်က အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုနဲ့ အဲဒီကားထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်မင်းသမီး အမ်မာစတုန်းက အကောင်းဆုံး သရုပ်ဆောင်မင်းသမီးဆုကို ရရှိသွားခဲ့တာပါ။

The Holdovers ရုပ်ရှင်ကားထဲက သရုပ်ဆောင်မင်းသား ပေါလ် ဂီယာမာတီကတော့ အကောင်းဆုံးသရုပ်ဆောင်မင်းသားဆု ရရှိသွားပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013