DVB Logo
Home
နိုင်ငံတကာ
ဂါဇာတွင် တနေ့လျှင် ကလေး ၁၀ ဦးထက်မနည်း ထိခိုက်နေ
DVB
·
January 8, 2024
ဂါဇာတွင် တနေ့လျှင် ကလေး ၁၀ ဦးထက်မနည်း ထိခိုက်နေ
Donate to DVB

ဂါဇာကမ်းမြောင်မှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်ကစလို့ တနေ့ကို ကလေး ၁၀ ယောက်ထက်မနည်း ခြေတဖက် ဒါမှမဟုတ် နှစ်ဖက်စလုံး ဆုံးရှုံးနေရပြီး အများစုကို မေ့ဆေး ထုံဆေးတောင် မပေးနိုင်ဘဲ ခွဲစိတ်ပေးနေရတယ်လို့ Save the Children အဖွဲ့က ဇန်နဝါရီ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဟားမတ်စ်အဖွဲ့က အစ္စရေးကို ဝင်တိုက်ပြီးတဲ့နောက် အစ္စရေးက ဂါဇာကမ်းမြောင်မှာ ဟားမတ်စ်ကို အမြစ်ဖြုတ်မယ်ဆိုပြီး စစ်ပွဲဆင်နွှဲလာတာ သုံးလကျော်လာပြီ ဖြစ်ပါတယ်။

ဒီပဋိပက္ခကြီးထဲမှာ ကလေးတွေခံစားရတဲ့ဒုက္ခဟာ တွေးတောင် တွေးမကြည့်နိုင်လောက်အောင် ဆိုးရွာလာနေပြီး ပိုဆိုးတာက မလိုအပ်ဘဲ လုံးဝ ရှောင်လွှဲနိုင်တဲ့ကိစ္စကြီးကို ကြုံနေရတာမျိုးဖြစ်တယ်လို့ Save the Children ရဲ့ ဂါဇာနယ်မြေဒါရိုက်တာ ဂျေဆင်လီးက ပြောပါတယ်။

ယူနီဆက်က်ဖ်ရဲ့ အချက်အလက်တွေကို ကိုးကားပြီး Save the Children ရဲ့ ထုတ်ပြန်ချက်အရ ခြေပြတ်တဲ့ ကလေးငယ်စုစုပေါင်း အရေအတွက်က ၁,၀၀၀ ကျော်သွားပြီလို့ သိရပါတယ်။

ဂါဇာမှာ ဆေးဝါးနဲ့ အခြေခံစားသောက်ကုန် ဆိုးဆိုးရွားရွား ပြတ်လပ်နေတဲ့အတွက် ကလေးအများစုကို အစိမ်းခွဲ၊ အစိမ်းချုပ်ပေးနေရပါတယ်။

“ဒီလောက် ကလေး‌တွေ နာကျင်ခံစားနေရတာ၊ သူတို့ကိုကုဖို့၊ ဝေဒနာက သက်သာစေဖို့ ပစ္စည်းကိရိယာမရှိ၊ ဆေးမရှိဖြစ်နေတာကို မြင်ရတာ တွေ့ရတာ အတွေ့အကြုံရှိ ဆေးပညာရှင်တွေ အတွက်တောင် မခံစားနိုင်လောက်အောင်ပါဘဲ” လို့ ဂျေဆင်လီးက ပြောပါတယ်။

ကလေးတွေက ပေါက်ကွဲထိခိုက်တဲ့ ဒဏ်ရာတွေကြောင့် သေဆုံးနိုင်ခြေ ၇ ဆပိုမြင့်တယ်လို့လည်း ဆိုပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013