DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် ဖုန်းလိုင်းများ ပြတ်တောက်မှု အခြေအနေပိုဆိုးလာ
DVB
·
January 8, 2024
ရခိုင်တွင် ဖုန်းလိုင်းများ ပြတ်တောက်မှု အခြေအနေပိုဆိုးလာ
Donate to DVB

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း ဆက်သွယ်ရေးဖုန်းလိုင်းတွေ ပြတ်တောက်မှု အရင်ကထက် ပိုဆိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့နယ်အတော်များများမှာ  ဖုန်းလိုင်းတွေ ပြတ်တောက်နေပြီး မြောက်ဦးမြို့မှာတော့ Mytel နဲ့ Atom လိုင်းတွေ ပြတ်တောက်နေကာ MPT လိုင်းတခုတည်းသာ ရနေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“ဒီရက်ပိုင်းမှာ Mytel က လုံးဝပြတ်သွားတယ်။ Atom လည်း ပြတ်နေတယ်။ MPT တခုပဲရတယ်။ ဒါကလည်း ဆက်သွယ်ရ သိပ်အဆင်မပြေတော့ဘူး။ ဘယ်တော့ပြတ်သွားမလဲဘဲ တွေးနေရတယ်။”

မင်းပြားမြို့မှာကတော့ အော်ပရေတာအားလုံးရဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်နေပြီး မြို့ပြင်ဘက် အမြင့်နေရာတွေမှာ ထွက်ပြီးပဲ ဖုန်းပြောရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရမ်းဗြဲနဲ့ အမ်းမြို့နယ်တွေမှာတော့ MPT ဖုန်းလိုင်း အဓိကပြတ်တောက်နေပြီး မောင်တော၊ ဘူးသီးတောင်၊ တောင်ကုတ်၊ ကျောက်ဖြူ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း စတဲ့မြို့နယ်တွေမှာလည်း ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်မှု ပိုများလာနေတယ်လို့ သိရပါတယ်။

အမ်းဒေသခံတဦးက “မြို့ပြင်ထွက်လာမှပဲ ရတယ်။ မြို့ထဲဆို ဘယ်လိုင်းမှမိမနေဘူး။ မြို့ပြင်တောင် Mytel ပဲ ကောင်းတယ်။ အင်တာနက်လည်း မကောင်းတော့ သတင်းတွေဆိုလည်း အချိန်မီမသိနိုင်ဘူး” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားနေပြီးနောက် စစ်ကောင်စီက လမ်းပန်းဆက်သွယ်ရေးတွေ အားလုံးကိုလည်း ပိတ်ဆို့ဖြတ်တောက်ထားပါတယ်။

ရခိုင်မှာ လောင်စာဆီ ရရှိနိုင်မှု ခက်ခဲတာကြောင့် မိုဘိုင်းတာဝါတိုင်တွေ ဆီမဖြည့်နိုင်တဲ့အတွက် ဖုန်းလိုင်းတွေ တစတစ ပြတ်တောက်မှု ပိုများလာနေတာလို့လည်း ခန့်မှန်းနေကြပါတယ်။

ခုလို ဖုန်းနဲ့ အင်တာနက်လိုင်းတွေ အပြတ်အတောက် များလာတာကြောင့် ဒေသတွင်း ဆက်သွယ်ရေး အခက်အခဲနဲ့ သတင်းအချက်အလက် သိရှိနိုင်မှု အခက်အခဲတွေကို ရခိုင်ဒေသခံ ပြည်သူတွေ ကြုံတွေ့လာနေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013