DVB Logo
Home
နိုင်ငံတကာ
ဘိုးအင်း ၁ စင်း ကိုယ်ထည်ပွင့်ထွက်ပြီးနောက် အမျိုးအစားတူ လေယာဉ်များ ပျံသန်းခွင့်ပိတ်
DVB
·
January 7, 2024
ဘိုးအင်း ၁ စင်း ကိုယ်ထည်ပွင့်ထွက်ပြီးနောက် အမျိုးအစားတူ လေယာဉ်များ ပျံသန်းခွင့်ပိတ်
Donate to DVB

အလာစကာအဲလိုင်းက Boeing 737 Max 9 လေယာဉ်တစင်းရဲ့ ကိုယ်ထည်ဘေးဘက်ခြမ်းနံရံ ပွင့်ထွက်သွားလို့ အရေးပေါ် ဆင်းသက်ခဲ့ရအပြီးမှာ အမျိုးအစားတူလေယာဉ် ၁၇၁ စင်းကို ပျံသန်းမှု ယာယီရပ်ဆိုင်းထားဖို့ အမေရိကန် လေကြောင်းကွပ်ကဲရေးက ဇန်နဝါရီ ၆ ရက်မှာ ညွှန်ကြားလိုက်ပါတယ်။ 

ဇန်နဝါရီ ၅ ရက်က အော်ရီဂွန်ပြည်နယ်၊ ပို့တ်လန်းကနေ ကာလီဖိုးနီးယားပြည်နယ် အွန်တာရီယိုကို ပြန်တက်ထွက်ခွာလာစဉ် လေယာဉ်ဘယ်ဘက်ခြမ်းက ကိုယ်ထည်အစိတ်အပိုင်း ပွင့်သွားတဲ့အတွက်  ပြန်လှည့်ခဲ့ရပြီး အရေးပေါ်ဆင်းသက်ခဲ့ပါတယ်။ 

ခရီးသည် ၁၇၁ ဦးနဲ့ လေယာဉ်အမှုထမ်း ၆ ဦးစလုံး အသက်ဘေးကလွတ်ခဲ့ပေမဲ့ ခရီးသည်အချို့ ဒဏ်ရာရခဲ့ပါတယ်။ ဒီလေယာဉ်ဟာ ပြေးဆွဲတာ ရှစ်ပတ်ပဲရှိသေးတဲ့ အသစ်စက်စက်လေယာဉ် ဖြစ်ပါတယ်။

လူမှုကွန်ရက်တွေမှာ တက်လာတဲ့ပုံတွေမှာ ခရီးသွားတွေဟာ အောက်ဆီဂျင်မက်စ်တွေ တပ်ထားရပြီး လေယာဉ်နံရံမှာ အပေါက်ကြီးလို ဖြစ်နေတာ တွေ့ရပါတယ်။ 

ဒီလို အရေးပေါ်တံခါးအပိုက ခရီးသည်ပိုတင်တဲ့ ဈေးသက်သာတဲ့ လေကြောင်းလိုင်းတွေမှာ အရေးပေါ်ထွက်ပေါက် အပိုလိုအပ်တဲ့အတွက် ထည့်ပေးထားတာပါ။ အလာစကာ လေကြောင်းလိုင်းလို ခုံနည်းတဲ့ လေကြောင်းလိုင်းတွေမှာတော့ ဒီလိုတံခါးအပိုကို အသေပိတ်ထား၊ ဖျောက်ထားလိုက်တာ ဖြစ်ပါတယ်။ 

ဒီလိုမျိုး တံခါးပေါက်အစားထိုး အသေပိတ်ထားတဲ့ ဘိုးအင်းဆဲဗင်းသရီးဆဲဗင်း မက်စ် နိုင်း လေယာဉ်တွေ အားလုံးကို ပြန်စစ်ဆေးပြီး လိုအပ်သလို ပြင်ဆင်မှုတွေ မပြုလုပ်ရသေးမချင်း ပျံသန်းခွင့်မပြုနိုင်ဘူးလို့ ပြည်ထောင်စုလေကြောင်းကွပ်ကဲရေးဌာန FAA က ထုတ်ပြန်ပါတယ်။ 

ဘိုးအင်း ဆဲဗင်းသရီးဆဲဗင်း မက်စ် လေယာဉ် ပေါင်း ၁၄၀၀ လောက် ပြေးဆွဲနေတဲ့အထဲမှာ မက်စ်နိုင်း အမျိုးအစားက အစီး ၂၀၀ လောက်ရှိပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013