DVB Logo
Home
မြန်မာသတင်း
သိမ်းဆည်းခံလယ်မြေ ပြန်ရရေး ဘားအံမြို့တွင် ချီတက်ဆန္ဒပြ
DVB
·
August 25, 2014
သိမ်းဆည်းခံလယ်မြေ ပြန်ရရေး ဘားအံမြို့တွင် ချီတက်ဆန္ဒပြ
1 / 5
Donate to DVB

သိမ်းဆည်းခံရတဲ့လယ်မြေတွေ ပြန်လည်ရရှိရေးအတွက် ကရင်ပြည်နယ် ဘားအံမြို့ ကျေးရွာပေါင်း ၉ ရွာက တောင်သူ ၁၀၀ ကျော်  ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

DSCF1008ဒီဆန္ဒပြပွဲကို ၈၈ ကရင်မျိုးဆက်ကျောင်း သားအဖွဲ့ကနေ ဦးဆောင်ပြီး ရွာသားတွေနဲ့ အတူ ချီတက် ဆန္ဒပြခဲ့တာလို့ ဒီဆန္ဒပြပွဲကို လိုက် လံစောင့်ကြည့်နေ တဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် နန်းဆေးအွာ က ပြောပါတယ်။

DSCF1013ဆန္ဒပြတဲ့ရွာတွေ ကတော့ တောင်သူကုန်း၊ လှာကမြင်၊ လှာကဒေါင် အပါအ၀င် ကျေးရွာ ၉ ရွာက တောင်သူတွေ ပါဝင်ပါတယ်။

ဆန္ဒပြပွဲကို မနက် ၉ နာရီလောက်မှာ မြို့လယ်ခေါင် နာရီစင်ကနေပြီး လွတ် လပ်ရေးကျောက် တိုင်ရှိရာ သီရိကွင်းအထိ ချီတက်ဆန္ဒပြခဲ့တာပါ။

DSCF1028ဆန္ဒပြပွဲကို မြို့နယ် တာဝန်ရှိသူတွေက လာရောက် မေးမြန်း စစ်ဆေး ခဲ့ပြီးနောက် နေ့ခင်း  ၁၁ နာရီခွဲလောက် လူစုခွဲခဲ့ကြတယ်လို့ ဒီဆန္ဒပြပွဲကို လိုက်ပါ သတင်းယူခဲ့တဲ့ သတင်းထောက် တဦးဖြစ်တဲ့ မန်းထက် ခိုင်က ပြောပါတယ်။

IMG_20140825_102631ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်နေ့က လည်း ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဒေါ်နန်းစေးအွာက မြို့နယ် ထွေအုပ် နဲ့ တောင်သူတွေ ကိုခေါ်တွေ့ပြီး လယ်ယာမြေပြန်ရရှိရေး ကြန့်ကြာနိုင်ကြောင်း၊ လယ် ယာမြေပြန် ရရှိရေးအတွက် လုပ်ဆောင်ပးမယ်၊ ဆန္ဒထုတ်ဖော်မတွေ မလုပ်ဖို့  တောင်းဆိုခဲ့ပါတယ်။

IMG_20140825_102036ဘားအံမြို့မှာ အရင်က လယ်မြေပြန်ရရှိရေး ဆန္ဒထုတ်ဖော်မှုတွေ ရှိခဲ့ပေမယ့် အခုလို ကြွေးကြော် ချီတက်ဆန္ဒပြတာဟာ ပထမဆုံး အကြိမ်ဖြစ် တယ်လို့ လည်း ဒေသ ခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013