
အိန္ဒိယနိုင်ငံတောင်ပိုင်း တမီနာဒူပြည်နယ်မှာ ဆင်အုပ်နဲ့ ကွဲသွားတဲ့ ဆင်ကလေး တကောင်ဟာ သူ့အမေနဲ့ ပြန်တွေ့သွားပြီလို့ ပန်းခြံတာဝန်ရှိသူတွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဇန်နဝါရီ ၅ ရက်မှာ ဖော်ပြပါတယ်။
အိန္ဒိယနိုင်ငံ အနာမာလီ ကျားဘေးမဲ့တောမှာ လေးလ- ငါးလအရွယ် ဆင်ပေါက်လေးဟာ ဒီဇင်ဘာ ၂၉ ရက်က အမေနဲ့ ကွဲကွာသွားပြီးတဲ့နောက် ကိုယ်ပိုင်အိမ်ခြံမြေ တခုမှာ လျှောက်သွားနေခဲ့တာကို တောထိန်း တောခေါင်းတွေက တွေ့ခဲ့ကြတာပါ။
သစ်တောအရာရှိတွေဟာ ဆင်ပေါက်လေးကို ကယ်ဆယ်ခဲ့ပြီး အဖော် ဆင်အုပ်ကို ရှာဖို့ ဒရုန်းတွေနဲ့ ရှာဖွေရေးအဖွဲ့ကို ဖြန့်ကျက် ရှာဖွေခဲ့ပါတယ်။
ဆင်ကလေးကို ဆင်အုပ်ဆီ ပြန်မလွှတ်မီ လူနံ့ပျောက်အောင် တာဝန်ရှိသူတွေက ဆေးကြောပေးပြီး ရွှံ့တွေနဲ့ လိမ်းပေးခဲ့ပါတယ်။
ဇန်နဝါရီ ၂ရက်က တာဝန်ရှိသူတွေက ရိုက်ကူးထားတဲ့ ဒရုန်းပုံတွေထဲမှာ ပြန်ဆုံဆည်းသွားတဲ့ ဆင်တွေရဲ့ မြင်ကွင်းကို ရိုက်ကူးထားပါတယ်။
Source/Photo - Reuters