
ပရီးမီးယားလိဂ်ပြိုင်ဘက်နှစ်သင်းဖြစ်တဲ့ အာဆင်နယ်နဲ့ လီဗာပူးအသင်းတို့ဟာ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်အဖြစ် တနင်္ဂနွေည အမ်းမရိတ်မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
FA ဖလား တတိယအဆင့်ဆိုပေမဲ့ ဒီပွဲစဉ်အနိုင်၊ အရှုံးရလဒ်က ပရီးမီးယားလိဂ်ချန်ပီယံ ပြေးလမ်း အတွက် ယုံကြည်မူနဲ့ ဂုဏ်သိက္ခာအတွက်ပါ သက်ရောက်မှုရှိနိုင်တာကြောင့် နှစ်သင်း စလုံးအတွက် အမှားခံလို့ မရပါဘူး။
အိမ်ကွင်းမှာ လက်ခံကစားရမယ့် အာဆင်နယ်နည်းပြ အာတီတာကတော့ တနင်္ဂနွေ ပွဲစဉ်က ပွဲကောင်း တပွဲဖြစ်လာမယ်လို့ ဆိုလိုက်ပြီး ဂုဏ်သိက္ခာကြီးမားတဲ့ ဒီပြိုင်ပွဲအတွက် ပရိသတ် ရှေ့မှောက်မှာ အကောင်းဆုံးရလဒ် ပိုင်ဆိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။
ဒီနှစ်သင်းဟာ ပရီးမီးယားလိဂ် ပထမအကျော့ အန်ဖီးလ်မှာ တွေ့ဆုံစဉ်က တဖက် ၁ ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။
Photo-Reuters










