DVB Logo
Home
မြန်မာသတင်း
ကျားဖြူပါတီဝင် ၄၀ ခန့် ကျားခေါင်းပါတီကူးပြောင်း
DVB
·
August 25, 2014
ကျားဖြူပါတီဝင် ၄၀ ခန့် ကျားခေါင်းပါတီကူးပြောင်း
Donate to DVB

ရှမ်းပြည်နယ် လားရှိုးမြို့က  ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) က အလုပ်အမှုဆောင်နဲ့ ပါတီဝင် ၄၀ နီးပါ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်းပါတီ)ကို  ကူးပြောင်းခဲ့ကြပါတယ်။

[caption id="attachment_63258" align="alignright" width="300"]ကျားခေါင်းပါတီဝင်အဖြစ် လက်ခံသည့် အခမ်းအနား (ဓာတ်ပုံ - Sai Harn) ကျားခေါင်းပါတီဝင်အဖြစ် လက်ခံသည့် အခမ်းအနား (ဓာတ်ပုံ - Sai Harn)[/caption]

လားရှိုးမြို့ပေါ် ၅၊ ၆ ရပ်ကွက်နဲ့  မန့်အိုင်ရွာက ကျားဖြူပါတီအဖွဲ့ဝင် စုစုပေါင်း ၃၈ ဦးဟာ သြဂုတ် ၂၂ ရက်နေ့မှာ ပါတီကနေ နုတ် ထွက်စာ တင်ပြီး ၂၄ ရက်နေ့က လားရှိုးမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ  ကျားခေါင်းပါတီဝင်အဖြစ် တရားဝင် အခမ်းအနားနဲ့ လျှောက်ထားခဲ့ကြတာပါ။

ရှမ်းပါတီ ၂ ခု ပူးပေါင်းရေး မဖြစ်နိုင်တော့တဲ့အပြင် သူတို့ဟာ  အရင်ကျားဖြူပါတီ မပေါ်ခင်က ကျားခေါင်းပါတီဝင် ဖြစ်ခဲ့ပြီး    ကျားခေါင်းပါတီရဲ့ ၈ ပြည်ထောင်မူဝါဒကို  ထောက်ခံတဲ့အတွက် သဘောထားတိုက်ဆိုင်သူတွေ စုပေါင်းပြီး ခုလို လုပ်ဆောင်ခဲ့တာလို့ ပါတီကူးပြောင်းရာ ဦးဆောင်ပါဝင်တဲ့  လားရှိုးမြို့နယ် ကျားဖြူပါတီ တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးစိုင်းစံဟွမ်က ဒီဗွီဘီကို ရှင်းပြာပါတယ်။

“အရင်တုန်းကလည်း ကျနော်တို့က ကျားခေါင်ပါတီပါပဲ။ အခြေအနေအရ ကျားဖြူပါတီမှာ ပါဝင်လှုပ်ရှားနေတာ။ အခု ကျားခေါင်းပါတီ ပြန်လည်လှုပ်ရှားလာတော့ ကျနော်တို့ မိခင်ဌာနကို ပြန်သွားခြင်းဖြစ်ပါတယ်။ နောက် ပါတီသဘောထား မူဝါဒပေါ့။ ကျနော်တို့က ပင်လုံညီလာခံမှာ ချမှတ်ထားတဲ့ မူဝါဒအတိုင်းဆိုရင် ၈ ပြည်နယ် ဖက်ဒရယ် ပြည်ထောင်စု၊ စစ်မှန်တဲ့ပြည်ထောင်စု တန်းတူအခွင့်အရေး အဲဒါကို ကျားဖြူပါတီက လက်မခံလို့ ကျားခေါင်းပါတီကို ပါဝင်လှုပ်ရှားဖို့ ၀င်ခြင်းဖြစ်ပါတယ်။”

မနေ့က ပါတီပြောင်းတဲ့အထဲမှာ သူအပါအ၀င် အလုပ်အမှုဆောင် ဦးစိုင်းအောင်နဲ့ ဦးစိုင်းမောင်ရွှေတို့  ပါဝင်ပြီး  သူတို့ရဲ့ ကျားခေါင်းပါတီဝင် လျှောက်လွှာတွေကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ခွန်ထွန်းဦးကိုယ်တိုင် လက်ခံရယူခဲ့ပါတယ်။

ပါတီကူးပြောင်းလာတဲ့ ဦးစိုင်းအောင်ကတော့ ကျားခေါင်းပါတီဟာ စီးပွားရေးလုပ်ငန်းတွေ မရှိတဲ့အတွက် ရန်ပုံငွေအင်အား နည်းပါးပေမယ့် ရှမ်းအမျိုးသားရေးကို ရှေ့တန်းတင် ဦးတည်ဆောင်ရွက်တဲ့ ပါတီဖြစ်တဲ့အတွက် ယုံကြည်တယ်လို့ ပြောပါတယ်။

ရှမ်းပြည်သူအများစုက ရှမ်းပါတီ ၂ ခုကို တပါတီတည်းဖြစ်ဖို့ ဆန္ဒရှိနေတဲ့အတွက် ပါတီ ၂ ခု ပေါင်းစည်းရေး ဆွေးနွေးညှိနှိုင်းဖို့ ကြိုးစားနေဆဲအချိန်မှာ ခုလို ပါတီဝင်တွေ ကူးပြောင်းမှု ရှိနေတာပါ။

အရင်ကလည်း  ကျားဖြူပါတီဝင် လွှတ်တော်အမတ်တချို့အပါအ၀င် ပါတီဝင် စုစုပေါင်း ၁၀၀၀ ကျော် နုတ်ထွက်ခဲ့ဖူးပါတယ်။

အဲဒီထဲမှာ  မိုင်းရယ်၊ ကျောက်မဲနဲ့ မိုင်းတုံမြို့နယ်က ရှမ်းပြည်နယ်လွှတ်တော်အမတ် ၃ ဦးနဲ့ မိုင်းတုံ ပါတီဝင်ပေါင်း ၉၀၀ ကျော်  ဒီနှစ် မတ်လကုန်ပိုင်းက နုတ်ထွက်ခဲ့ပြီး မိုင်းရှုးမြို့နယ် အလုပ်အမှုဆောင် ၁၈ ဦးနဲ့ အဖွဲ့ဝင် ၃၀၀ ကျော်က ဇွန်လအတွင်း၊ ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စုက ၂၀၀ ကျော် သြဂုတ်လဆန်းပိုင်းမှာ  နုတ်ထွက်ခဲ့ပါတယ်။

နုတ်ထွက်သူတွေ အတော်များများက ကျားခေါင်းပါတီဝင်အဖြစ် ပြန်လည် လျှောက်ထားကြပါတယ်။

အခုလို ပါတီဝင်အမြောက်အမြား နုတ်ထွက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျားဖြူပါတီ ဒုဥက္ကဋ္ဌ ဦးစိုင်းဆောင်ဆီက ပါတီနုတ်ထွက်တာ၊ ၀င်ရောက်တာတွေဟာ သူတို့အခွင့်အရေးသာဖြစ်ကြောင်း ၊ အများအားဖြင့် ရှမ်း ၂ ပါတီ မပူးပေါင်းနိုင်သေးတဲ့အပေါ် အားမလို အားမရဖြစ်ပြီး နုတ်ထွက်တာလို့ သိရကြောင်း ပြောပါတယ်။

မတူညီတဲ့ ပါတီ မူဝါဒ ၂ ခုကို ညှိနှိုင်းရာမှာတော့  အလျင်အမြန် ဆုံးဖြတ်လို့မရကြောင်း၊ နိုင်ငံရေး ကိစ္စဖြစ်တဲ့အတွက် အကျေအလည် ညှိနှိုင်းရမှာဖြစ်ကြောင်း၊ နိုင်ငံရေးလုပ်ရာမှာလည်း ငွေရှိဖို့လိုအပ်ပြီး ပါတီနာမည်နဲ့ ကုမ္ပဏီထောင်ထားပေမယ့် မယ်မယ်ရရ မထောက်ပံ့နီုင်သေးဘူးလို့  ဒီဗွီဘီကို ပြောသွားပါတယ်။

ကျားဖြူပါတီပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ အမတ် ၅၈ နေရာ အနိုင်ရခဲ့ပြီး  ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ နောက်ထပ် ၁ နေရာ အနိုင်ရခဲ့ပါတယ်။

ကျားခေါင်းပါတီကတော့ ၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေအဖွဲ့ချုပ်ပြီးရင် တနိုင်ငံလုံးမှာ လွှတ်တော်အမတ် ဒုတိယအများဆုံးနဲ့ အနိုင်ရခဲ့ပေမယ့် စစ်အစိုးရနဲ့ နိုင်ငံရေး သဘောထား ကွဲလွဲမှုတွေကြောင့် ပါတီခေါင်းဆောင်တွေ နှစ်ရှည်ထောင်ချခံခဲ့ရပါတယ်။

သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ တက်လာပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပါတီခေါင်းဆောင်တွေ  ပြန်လွတ်လာပြီးတဲ့နောက် တရားဝင်ပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013